HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ - တရုတ် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံမည်

မြန်မာ - တရုတ် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရန်  နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံမည်

မူဆယ်၊ ဒီဇင်ဘာ ၎

နှစ်နိုင်ငံအကြား စားသုံးသူကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးအတွက် မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ယူ နန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ စားသုံးသူရေးရာအသင်းမှ တာ ဝန်ရှိသူများတို့သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုတို့ပါဝင်သော အဖွဲ့ဝင်ခြောက်ဦးနှင့် ယူနန်ပြည်နယ်၊ တက် ဟုန်းပြည်နယ်ခွဲ ကိုယ်စားလှယ်အဖွဲ့တို့ တက်ဟုန်းပြည်နယ်ခွဲပါတီ ကော်မတီ အမြဲတမ်းအဖွဲ့ဝင်၊ ပြည်နယ်ခွဲ ဒုအုပ်ချုပ်ရေးမှူး မစ္စတာ ကျန်းဝေ၊ ပြည်သူ့အစိုးရရုံး၊ အထွေထွေအတွင်းရေးမှူး မစ္စတာဖန် အမ်းယဉ်၊ စက်မှုကုန် သွယ်ဦးစီးဌာနညွှန်မှူး၊ စားသုံးသူအသင်း ဒုဥက္ကဋ္ဌမစ္စတာမာရှမ်းဟုန်နှင့် အဖွဲ့ဝင်ခုနစ်ဦးတို့ တက်ရောက်ဆွေး နွေးကြမည်ဖြစ်သည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် Multi - Level Marketing (MLM) အပေါ် တားမြစ်ချက်ထုတ်ပြန်ထားခြင်းကိစ္စ၊ ကုန်စည်များ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေဖော်ပြရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းကိစ္စ၊ ကုန် ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတွင်ကျင်း ပသည့် သင်တန်းများသို့ တက်ရောက်ခွင့်ရရှိရန် (သို့မဟုတ်) နှစ်နိုင် ငံပူးပေါင်း၍ သင်တန်းများကျင်းပရန်ကိစ္စ၊ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ရေးနှင့် ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများနှင့် ထုတ် ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စများ၊ စားသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ သတင်းအချက်အလက်များအား နှစ်နိုင်ငံ ပြည်သူများ သိရှိစေရေးအတွက် အသိပညာပေးမှုများကို နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် စနစ်တစ်ခုထူထောင်ရေးကိစ္စတို့ကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

CYH

#democracytoday

Rate this item
(0 votes)
back to top