HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အမ်းတွင် ဘင်္ဂါလီကိုးဦးမိ

အမ်းတွင် ဘင်္ဂါလီကိုးဦးမိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အမ်းမြို့နယ်အတွင်း တရားမဝင်ဘင်္ဂါလီ လူမျိုးကိုးဦးကို ဖမ်းမိ ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့် ကံကျေးရွာတွင် ရန်ကုန်-စစ်တွေကားလမ်း အတိုင်း စစ်တွေမှ ရန်ကုန်သို့ မြောက်ဦး မြို့နယ်နေ ဦးသန်းစိုး(၃၃)နှစ်မောင်းလာ သည့် အံစာတုံးယာဉ်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီခန့်တွင် ကံမြင့်ကံစစ် ဆေးရေးဂိတ်အရောက် ရဲတပ်ဖွဲ့မှစစ်ဆေး ခဲ့ကြောင်း အမ်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရသည်။

စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းတွင် ပုန်းခိုနေထိုင်နေသည့် ဘင်္ဂါလီလူမျိုး အမျိုးသမီးရှစ်ဦးနှင့် ငါးနှစ်အရွယ် ကလေး တစ်ဦးကိုဖမ်းမိခဲ့ကြောင်း၊ ¤င်းတို့မှာ ကျောက်တော်မြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း၊ ဘင်္ဂါလီများမှာ မှတ်ပုံတင် အထောက်အထားမပါဘဲ တရားမဝင်သွား လာခြင်းဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း အမ်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ဖမ်းမိသည့်ဘင်္ဂါလီများ ကိုမြို့နယ် လဝကမှ ခေါ်ဆောင်စစ်ဆေး နေပြီး လဝကအက်ဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ အမ်းမြို့မရဲစခန်းမှူးအေးမင်းက ''စစ်ဆေးရေးဂိတ်မှာ တားစစ်တာ။ ဘင်္ဂါ လီက အမျိုးသမီးတွေကို ကားရဲ့နောက်မှာ ဝှက်သယ်လာတာ။ ကားမောင်းလာတဲ့ သယ်ဆောင်တဲ့လူကိုတော့ အရေးယူဖို့ လုပ်နေတယ်။ ဘင်္ဂါလီတွေကိုတော့ လဝ ကအက်နဲ့အရေးယူမယ်''ဟု ဒီမိုကရေစီ တူဒေးသို့ ဒီဇင်ဘာ ၅ ရက်တွင် ပြော ကြားခဲ့သည်။


ယာဉ်မောင်းကို စစ်ဆေးချက်အရ ဖမ်းမိသည့်ဘင်္ဂါလီများ ကိုငွေကြေးတစ်စုံ တစ်ရာယူပြီး မည်သည့်နေရာသို့ပို့ဆောင် မည်ကို အတိအကျမပြောသေးကြောင်း ¤င်းက ဆက်လက်ပြောသည်။ အမ်းမြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲ မှူးစိုးလွင်က ''ကိုးဦးမိတယ်။ မကွေးတိုင်း နယ်စပ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာမိတာ။စစ်တွေဘက်ကထွက်လာတာ။အမ်းက နေ ရန်ကုန်ဘက်လည်းသွားလို့ မန္တလေး လည်းသွားလို့ရတယ်။ မကွေးတိုင်းထဲဝင် သွားရန်လမ်းဆုံရှိပြီလေ'' ဟု ဒီမိုကရေစီ တူဒေးသို့ ပြောသည်။  ယင်းဘင်္ဂါလီများဖမ်းမိမှုနှင့်ပတ်သက် ပြီး အမ်းမြို့မရဲစခန်းမှ တရားမဝင်သယ် ဆောင်မှု ပုဒ်မ- ၃၆၇ ဖြင့် ယာဉ်မောင်း သန်းစိုးကို အမှုဖွင့်အရေးယူရန်စီစဉ် လျက်ရှိသည်။


WYHW

#democracytoday

Rate this item
(0 votes)
back to top