HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကသာမြို့မှ နှစ်တစ်ရာကျော်ရှိ ခေါင်းလောင်းနှစ်လုံးကို နိုင်ငံခြားသား ခရီးသည်များ လာရောက်လေ့လာ

ကသာမြို့မှ နှစ်တစ်ရာကျော်ရှိ ခေါင်းလောင်းနှစ်လုံးကို နိုင်ငံခြားသား ခရီးသည်များ လာရောက်လေ့လာ

ကသာ၊ ဒီဇင်ဘာ ၅ 

စစ်ကိုင်း တိုင်းဒေသကြီး ကသာမြို့နယ်မီး သတ်စခန်းတွင် ချိတ်ဆွဲထားသည့် ဒုတိယကမ္ဘာစစ်ကာလ သင်္ဘော များမှ နှစ်တစ်ရာကျော်ရှိ ခေါင်း လောင်းနှစ်လုံးကို ကသာမြို့ရောက် နိုင်ငံခြားသားခရီးသွားဧည့်သည် များ လာရောက်လေ့လာလျက်ရှိ ကြောင်း သိရသည်။ အဆိုပါခေါင်းလောင်းများမှာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မေလက အင်္ဂလိပ်တို့ဆုတ်ခွာ ချိန်တွင် ဂျပန်စစ်တပ်အသုံးမချ နိုင်စေရန် ကသာမြို့ဧရာဝတီမြစ် တွင်း နစ်မြုပ်ခဲ့သော ဧရာဝတီဖ လော်တီလာ ကုမ္ပဏီပိုင် "JAPAN" နှင့် "TAPING" သင်္ဘောများမှ ခေါင်းလောင်းများဖြစ်သည်။

''စစ်အတွင်း ဖလော်တီလာ ကုမ္ပဏီကပြေးဆွဲတဲ့သင်္ဘောတွေ ကို ဂျပန်တွေမသုံးနိုင်အောင် အင်္ဂလိပ် စစ်သားတွေက ဧရာဝတီမြစ်အတွင်း နှစ်မြှုပ်ပစ်ခဲ့တယ်။ JAPAN သ င်္ဘောက ၁၉ဝ၉ ခုနှစ်မှာ တည် ဆောက်တာ သင်္ဘောအရှည် ၃၂၈ ပေ၊ အကျယ် ၄၆ ပေရှိတယ်။ TAPING သင်္ဘောက ၁၉ဝ၇ ခုနှစ်၊ တည်ဆောက်တာ အရှည် ၂၅၃ ပေ အကျယ် ၃၂ ပေရှိတယ်လို့ မှတ်တမ်းများအရ သိရတယ်။ အဲ ဒီသင်္ဘောတွေမှာသုံးတဲ့ ခေါင်း လောင်းကြီးတွေကို ကသာမြို့နယ် မီးသတ်တပ်ဖွဲ့ကရရှိပြီး အခုလို ထိန်းသိမ်းထားရှိတာပါ။ အခုဆို ရင် သမိုင်းဝင်ဖြစ်နေပါပြီ။ ဒီဇင်ဘာ ၃ ရက်ကလာတဲ့ ဥရောပနိုင်ငံ ခြားသားခရီးသည်တွေ ကသာမီး သတ်စခန်းလာရောက်ပြီး ဝင်ရောက် လေ့လာသွားကြတယ်'' ဟု ကသာ မြို့ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ကိုညိုနိုင်က ပြောသည်။


ယင်းခေါင်းလောင်းနှစ်လုံးကို မီးသတ်ရုံးတွင် ယနေ့အချိန်အထိ ချိတ်ဆွဲ၍ အချိန်နာရီအချက်ပေး ခြင်းပြုလုပ်နေဆဲဖြစ်ရာ ကသာမြို့ သို့လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များထဲမှ သိရှိသူများအနေ ဖြင့် ခရီးစဉ်တစ်ခုအဖြစ် လေ့လာ ကြကြောင်း သိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top