HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး မကွေးမြို့တွင် လူဦးရေ ၃ဝဝ ခန့် စုပေါင်းလမ်းလျှောက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး မကွေးမြို့တွင် လူဦးရေ ၃ဝဝ ခန့် စုပေါင်းလမ်းလျှောက်

မကွေး၊ ဒီဇင်ဘာ ၅

အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ရပ် တန့်ရေးလှုပ်ရှားမှုအဖြစ် မကွေး မြို့တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီက လူဦးရေ ၃ဝဝ ခန့် လိမ္မော်ရောင်အင်္ကျီများကို ဆင် တူဝတ်ဆင်၍ မကွေးမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့မှ ပြည်တော်သာလမ်း၊ မကွေးမြို့မဈေးလမ်းမှ ဗိုလ်ချုပ် ပန်းခြံအထိ စုပေါင်းလမ်းလျှောက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မကွေးတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနနှင့် မကွေးမြို့နယ်မှ အရပ်ဘက်အဖွဲ့အစည်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ ပါဝင်ခဲ့ကြသည်။


''အမျိုးသမီးများကို အကြမ်း ဖက်မှုမပြုလုပ်ရန်အတွက် ပြည် သူလူထုကြားမှာလည်း ထဲထဲဝင်ဝင် သိအောင်လို့ အခုလိုလှုပ်ရှားမှုပြု လုပ်တာဖြစ်ပါတယ်။ အမျိုးသမီး တွေကို အကြမ်းဖက်မှုပပျောက် ရေး လှုပ်ရှားမှုတွေကနေ ပြည်သူ လူထုကြားကို ထဲထဲဝင်ဝင်သိရှိနေ ပြီးဖြစ်တဲ့အတွက် အခုဆိုရင်မြို့နယ် တွေကနေ တိုင်းအဆင့်ကိုဆက်သွယ် အကြောင်းကြားမှုတွေရှိလာပြီ။ နောက်ပိုင်းမှာ ရာခိုင်နှုန်းပြည့် အောင်မြင်သွားမယ်လို့ ထင်ပါ တယ်''ဟု ရင်ခွင်မဲ့ကလေးငယ် များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ အထောက်အကူပြု အဖွဲ့ ဝင် ဒေါ်ကြီးမြင့်က ပြောသည်။


မကွေးတိုင်းဒေသကြီးအ တွင်း အဆိုပါအဖွဲ့အစည်းများမှ အသိပညာပေးမှုများ ဆောင်ရွက် လုပ်ကိုင်ကြသဖြင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု မကွေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၈ ခုနှစ် တွင် ၈ဝ ရာခိုင်နှုန်းခန့်ကျဆင်း လာပြီဖြစ်ကြောင်း ဒေါ်ကြီးမြင့်က ပြောသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top