HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များနှင့် ဆိပ်ခံများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်

မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များနှင့်  ဆိပ်ခံများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်

မကွေး၊ ဒီဇင်ဘာ ၁၂

မကွေး တိုင်းဒေသကြီးအတွင်းရှိ ဆိပ် ကမ်းများ၊ သင်္ဘောဆိပ်များနှင့် ဆိပ်ခံများအား စနစ်တကျစီမံခန့် ခွဲမှုဆောင်ရွက်နိုင်ရန် သက်ဆိုင် ရာမြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီး ဆိပ် ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ် ခံများစီမံခန့်ခွဲမှုကော်မတီအတွင်း ရေးမှူး ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနတိုင်းဦးစီးမှူး ဦးဇော်လွင် က ဒီဇင်ဘာ ၁၁ ရက်တွင်ပြော ကြားသည်။

ဆိပ်ကမ်းများ၊ သင်္ဘောဆိပ် များနှင့် ဆိပ်ခံများကို တိုင်းဒေသ ကြီးစီမံခန့်ခွဲမှုကော်မတီကို တိုင်း အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များဖြင့်ဖွဲ့စည်းထားပြီး ၂ဝ၁၉ ခုနှစ်အတွင်း စီမံခန့်ခွဲမှုများအ သက်ဝင်လာစေရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသဆိုင်ရာ ကော်မတီများကို ဆက်လက်ဖွဲ့ စည်းသွားမည်ဖြစ်ပြီး တည်ဆဲဥပ ဒေများနှင့်အညီ ဆိပ်ကမ်းနယ်နိ မိတ်များကို သတ်မှတ်ကြေညာ သွားမည်ဖြစ်သည်။

 

''စီမံခန့်ခွဲသူတွေအနေနဲ့ မြစ် ကျောက်စရစ်လုပ်ကွက်တွေရဲ့ထုတ် လုပ်မှု၊ စည်းကမ်းဖောက်ဖျက်မှု၊ လုပ်ငန်းရှင်နဲ့ဒေသခံတွေကြား ပဋိ ပက္ခဖြစ်မှုတွေကို မှတ်တမ်းတင် တာတွေ၊ ဖြေရှင်းတာတွေ ဆောင် ရွက်သွားမှာပါ။ သဲကျောက်ဈေး နှုန်းတွေတည်ငြိမ်ဖို့နဲ့ လုပ်ငန်း သမားအချင်းချင်း မျှတမှုရှိစေဖို့ လည်း ဈေးနှုန်းသတ်မှတ်ပေးတာ တွေကို လုပ်ဆောင်မှာပါ။ ဒေသ အလိုက်ကော်မတီတွေရဲ့ လုပ်ငန်း တာဝန်တွေမှာလည်း ဒါတွေကို စိ စစ်တင်ပြရမယ်ဆိုပြီး ပါပါတယ်'' ဟု ဦးဇော်လွင်ကပြောကြားသည်။


စီမံခန့်ခွဲမှုကော်မတီများတွင် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ မီး သတ်၊ ငါးလုပ်ငန်း၊ ပြည်တွင်းရေ ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပါဝင်မည်ဖြစ်ပြီး အရပ်ဘက်မှလုပ် ငန်းရှင်သုံးဦး၊ လွှတ်တော်ကိုယ် စားလှယ်များမှ အမည်စာရင်းပေး ပို့သူ ရပ်မိရပ်ဖသုံးဦးတို့အား ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top