HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို နောက်ဆုံးပေါ် 3DVR နည်းပညာဖြင့် အနီးကပ် ဖူးမြော် ကြည်ညိုနိုင်ပြီ

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို နောက်ဆုံးပေါ် 3DVR နည်းပညာဖြင့် အနီးကပ် ဖူးမြော် ကြည်ညိုနိုင်ပြီ

မန္တလေး၊ ဒီဇင်ဘာ ၁၂ 

နောက်ဆုံးပေါ် 3DVR နည်းပညာအသုံးပြု၍ မှတ်တမ်းတင်ထားသည့် မန္တလေးမြို့၊ မဟာမုနိရုပ် ရှင်တော်မြတ်ကြီးနှင့် ကိန်းဝပ်စံ ပယ်တော်မူရာ ဂန္ဓကုဋိတိုက် တော်အတွင်းကို အွန်လိုင်းမှတစ်ဆင့်ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ် ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။

''မနေ့က ညနေပိုင်းလောက်ကတည်းက အွန်လိုင်းကနေ ဖူး မြော်နိုင်တာဖြစ်ပြီး အဓိကကတော့ ဘုရားကြီးကို အခြေအနေအရပ် ရပ်ကြောင့် မလာရောက်နိုင်တဲ့သူ တွေဆိုရင် ကမ္ဘာ့ဘယ်နေရာကမဆို အင်တာနက်လိုင်းရှိရင် စမတ်ဖုန်း၊ Tablet ၊ ကွန်ပျူတာတွေကိုအသုံး ပြုပြီးတော့ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးကို 3D (သုံးဖက်မြင်ရုပ် လုံးရုပ်ကြွ)ပုံစံမျိုးနဲ့ အချိန်မရွေး ဖူးမြော်နိုင်ပြီဖြစ်ပါတယ်။ ဂန္ဓကုဋိတိုက်အတွင်းတော်ထဲကို ဝင်ရောက် ခွင့်မရကြတဲ့ အမျိုးသမီးတွေအ နေနဲ့ ရုပ်ရှင်တော်မြတ်ကြီးကို ရှု ထောင့်အမျိုးမျိုးကနေ အနီးကပ် ကြည်ညိုလို့ရသွားစေတဲ့ နောက် ဆုံးပေါ်နည်းပညာတစ်ခုပါ။ VR Device တွေကို အသုံးပြုမယ်ဆို ရင်တော့ ကိုယ်တိုင်လမ်းလျှောက် လှည့်လည်ကြည့်ရှုနေရသလိုမျိုး ခံစားရစေမှာဖြစ်ပါတယ်'' ဟု ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၁၂ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြော ကြားသည်။


မဟာမုနိရုပ်ရှင်တော်မြတ် ကြီးကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်တော်အပြင် ဘုံအဆင့်ဆင့် ရွှေကျောင်းတော်ကြီးအတွင်း နေရာအနှံ့ကိုလည်း Google Street View  ပုံစံမျိုးဖြင့် လှည့်လည်သွား လာကြည့်ရှုနိုင်မည်ဖြစ်ရာ အင်တာနက်လိပ်စာမှာ https;//my.matterport. com/show/?m =Mvj3Tg4PX1a ဖြစ်ပြီး 3XV IVR Production က ဖန်တီး ပေးထားခြင်းဖြစ်ကာ၊ ယင်းကုမ္ပဏီ အနေဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းမြို့တော်အတွင်းရှိ ထုက္ကန်သိမ်ပုထိုးတော်ကြီးကိုလည်း 3DVR နည်းပညာအသုံးပြု၍ မှတ်တမ်းတင်ခဲ့ပြီးဖြစ်သည်။


KSA

#democracytoday

Rate this item
(0 votes)
back to top