HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဇလုံတောင် ခမိုးယာဉ်ရပ်နား စခန်းသစ်ကို နှစ်နှစ်အတွင်း အပြီး တည်ဆောက်မည်

ဇလုံတောင် ခမိုးယာဉ်ရပ်နား စခန်းသစ်ကို နှစ်နှစ်အတွင်း အပြီး တည်ဆောက်မည်

ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုရားဖူးခရီးစဉ်လာရောက်သူ များပြားလာသည့် ကသာခရိုင် ဗန်းမောက်မြို့နယ် ဇလုံတောင် သွားခရီးသည်များ သွားလာနားနေမှု အဆင် ပြေစေရန် ဗန်းမောက်မြို့နယ် ခမိုးကျေးရွာရှိ ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းသစ်ကို နှစ်နှစ်အတွင်း အပြီးအကောင်အထည် ဖော်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ဦး ဆောင်လမ်းညွှန်မှုဖြင့် Terrain Group Co., Ltd. က တည်ဆောက်လျက်ရှိရာ ယခုနှစ်ခရီးသွားရာသီတွင် စခန်းအကြိုဖွင့်ပွဲအဖြစ် ဒီဇင်ဘာ၂၅ ရက်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဇလုံတောင်မှာ ပွင့်လင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ မေလလယ်အထိသာ မော်တော်ယာဉ်များ သွားရောက်နိုင်ရာ မြေသားလမ်းဖြစ် ခြင်း၊ တောင်တက်တောင်ဆင်း မတ်စောက် ခြင်းများရှိသဖြင့် အဆိုပါလမ်းများ ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် နောက်ပိုင်းတွင် ကုမ္ပဏီ က အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်။


''အဓိကလုပ်ငန်းဖြစ်တဲ့ ယာဉ်ရပ်နားစခန်း၊ ခရီးသည်များနားနေစရာနေရာ၊ သန့်စင်ခန်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရေး ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဘုရားဖူးလာတဲ့သူ တွေ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နားနေနိုင် အောင် အဆင့်မြင့်တည်းခိုနိုင်မယ့်နေရာအဖြစ် ပြုလုပ်ပေးမှာပါ။ ယာဉ်ရပ်နားစခန်းအပြင် အပန်းဖြေစခန်းတစ်ခုအဖြစ်ပါ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုလုံးကို နှစ် နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပါမယ်''ဟု Terrain Group Co.,Ltd မှ စီးပွားရေးအကြံ ပေး ဦးအောင်သူရက ပြောသည်။


ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းသစ်မှာ ဧက ၃ဝ အကျယ်ရှိရာ ခရီးသွားပြည်သူ များ အပန်းဖြေနားနေနိုင်မည့် ပန်းခြံ၊ ယာဉ်အစီးရေ ၂ဝဝ ကျော် ရပ်နားနိုင်မည့် ယာဉ် ရပ်နားစခန်း၊ လုံခြုံစိတ်ချစွာတည်းခိုနိုင်မည့် ဟိုတယ်၊ မိုတယ်၊ ကျန်းမာရေးဆေးပေးခန်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် မီးသတ်စခန်း၊ လမ်းလျှောက်ညဈေးတန်းနှင့် ခရီးသည်များ လုံခြုံရေးစခန်းများကိုပါ စီမံကိန်းကာလအတွင်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်

#theyangontimes

Rate this item
(0 votes)
back to top