HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဆိုင်ကယ်မောင်းနှင်သူကို ကုန်တင်ယာဉ်က နောက်မှဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး  

ဆိုင်ကယ်မောင်းနှင်သူကို  ကုန်တင်ယာဉ်က နောက်မှဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး   

မိုးညှင်း၊ ဇန်နဝါရီ ၉

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင် ရွာသစ်ကျေးရွာအနီးတွင် ရှေ့မှ ဆိုင်ကယ်မောင်းနှင်သူအား ကုန်တင်ယာဉ်မှ နောက်ကဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းအမှတ် (၁ဝ၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ရဲဝင်းနှင့်အဖွဲ့ဝင်များနှင့် ဆယ်မိုင်ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေတို့သည် သတင်းအရသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ မန္တလေး- ရွှေဘို-မြစ်ကြီးနားပြည်ထောင်စု လမ်းမကြီးအတိုင်း နန်စီးအောင် ကျေးရွာဘက်မှ မိုးညှင်းဘက်သို့ ဖိုးရွှေဆိုသူက KENBO 125 အနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဆယ်မိုင်ရွာသစ်ကျေး ရွာအဝင်၌ ဇင်ကိုကိုမောင်းနှင်လာ သော MDY-9F/----NISSAN- DIESEL  ဖြူ/ပြာရောင် မော် တော်ယာဉ်က နောက်မှဝင်တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းသူ ဖိုးရွှေ (၂၉) နှစ် တင်မော်ကျေးရွာ ကန့် ဘလူမြို့နယ်နေထိုင်သူတွင် ဝမ်း ဗိုက်ပေါက်ပြဲ၊ အူထွက်၊ ဝဲဘက် ခြေဖမိုးပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မော် တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇင်ကိုကို (၂၅)နှစ် မြသီတာ ရပ်ကွက် ဟိုပင်မြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ ပုဒ်မ (၃ဝ၄)ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ 

MMM

#democracytoday

Rate this item
(0 votes)
back to top