HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

လူနေအိမ်ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးဟောင်း တစ်လုံးတွေ့

လူနေအိမ်ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးဟောင်း တစ်လုံးတွေ့

မန္တလေး၊ဇန်နဝါရီ ၁ဝ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင်လူနေအိမ် အဆောက်အအုံ ဆောက်ရန်အတွက် နေအိမ်ဝိုင်းအတွင်းမြေ ကျင်းတူးဖော်ရာမှတစ်ဆင့် ဗုံးသီး ဟောင်းတစ်လုံး တူးဖော်တွေ့ရှိခဲ့ ကြောင်း ပုဂံနယ်မြေရဲစခန်းမှ သိ ရသည်။

ဖြစ်စဉ်မှာ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာအုပ်စု၊ မြင်းက ပါကွက်သစ်ရပ်ဝိုင်းအမှတ် (၇၃)နေ ဦးဝင်းချို ဝါးကပ်လုပ်ငန်းလုပ်ကိုင်သူသည် ဇန်နဝါရီ ၁ဝ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်က နေအိမ်ဝိုင်းအတွင်း အိမ်ဆောက်ရန်မြေကျင်းတူးနေစဉ် အနက်တစ်ပေခန့်အ ရောက်၌ အရှည် ၁၅ လက်မ၊ လုံးပတ် ၁ဝလက်မရှိ ၈၁ မမ စိန် ပြောင်းအမျိုးအစား(ဒလက်ပါ)ဗုံး သီးဟောင်းတစ်လုံးအား တွေ့ရှိခဲ့ ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး မှတစ်ဆင့် သက်ဆိုင်ရာသို့သတင်း ပေးပို့ရာနံနက် ၉ နာရီ ၄၅ မိနစ် တွင်နယ်မြေခံတပ်မှဗိုလ်ကြီးနေဦး မောင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေ ရဲစခန်းမှ ရဲအုပ်ခင်မောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ် ဖွဲ့မှရဲအုပ်ထွန်းနိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူးဇော် မော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့်ဝန်ထမ်းများ၊ မြင်းကပါကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုး လင်းနှင့် ရပ်မိရပ်ဖများလာ ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ၈၁ မမ စိန်ပြောင်း အမျိုးအစား(ဒလက်ပါ) ဗုံးသီး ဟောင်းအား ဗိုလ်ကြီးနေဦးမောင်နှင့် တပ်ဖွဲ့ဝင်များက ညောင်ဦး မြို့နယ်မြေခံတပ်သို့ သိမ်းဆည်းယူဆောင်သွားကြောင်းသိရသည်။

YWN

#democracytoday

Rate this item
(0 votes)
back to top