HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေး မဟာမုနိဘုရား ဘက်စုံပြုပြင်မွမ်းမံရန် စောင်းတန်းလေးသွယ်ရှိ ဈေးဆိုင်ခန်းများ ထပ်တိုးလှူဒါန်းပေးရန် ဂေါပကအဖွဲ့ မေတ္တာရပ်ခံ

မန္တလေး မဟာမုနိဘုရား ဘက်စုံပြုပြင်မွမ်းမံရန် စောင်းတန်းလေးသွယ်ရှိ ဈေးဆိုင်ခန်းများ ထပ်တိုးလှူဒါန်းပေးရန် ဂေါပကအဖွဲ့ မေတ္တာရပ်ခံ

မန္တလေး၊ ဇန်နဝါရီ ၁ဝ

မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် စောင်းတန်းလေးသွယ်ရှိ ဈေးဆိုင်ခန်းများအနေဖြင့် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းလှူဒါန်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

''ကျွန်တော်တို့က စောင်း တန်းလေးသွယ်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေကို ယခုကောက်ခံနေတဲ့တစ်လကျပ် ၆ဝဝဝ ကို ကျပ် ၁၄ဝဝဝ ထပ်ပေါင်းပြီးတော့ ကျပ်နှစ်သောင်းနှုန်း လှူဒါန်းပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။ တစ်ရက်မှ ငွေကျပ် ၆ဝဝ လောက်ပဲရှိပါတယ်။ တိုးပြီးလှူဒါန်းပေးဖို့ပါ။ အဲဒီအခါ မှာ ထပ်တိုးကျပ် ၁၄ဝဝဝ ကို ဈေး သူဈေးသားတွေက ကျပ် ၁ဝဝဝဝ နှုန်းပဲ ပြောကြတယ်။ ဒါနဲ့ပဲ ဈေး သူဈေးသားတွေကို ငွေကျပ် ၁၂ဝဝဝ လှူဒါန်းပေးဖို့ ဆုံးဖြတ်ပေးခဲ့တယ်။ ရရှိလာမယ့်ငွေတွေကိုလည်း ဘုရား ကြီးဘက်စုံပြုပြင်မွမ်းမံဖို့နဲ့ ဈေး ဆိုင်ခန်းတွေရဲ့ အမိုးမလုံတာတွေ ကို ပြုပြင်ပေးဖို့အတွက်ပါပဲ''ဟု မဟာ မုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

 

မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ရုံးခန်းတွင် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ ဂေါပကအဖွဲ့နှင့်ဈေးဆိုင်ခန်းမှ ဈေးသူဈေးသားတို့ တွေ့ဆုံ ပြီး ဆိုင်ခန်းဈေးနှုန်းတိုးမြှင့်လှူဒါန်း ပေးရန်ကိစ္စနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ကြရာ အချို့မှာ ဈေးရောင်း ချမှုအဆင်မပြေသဖြင့် လှူဒါန်းရန် ကန့်ကွက်မှုများလည်းရှိခဲ့သည်။ ''ဘုရားဈေးဆိုင်ခန်းတွေက ဈေးသိပ်ရောင်းမကောင်းဘူး။ အ ချို့ရောင်းကောင်းတဲ့ဆိုင်တွေလည်း ရှိပါတယ်။ ဂေါပကအဖွဲ့နဲ့ညှိနှိုင်း နေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့က ကျပ်တစ်သောင်းလောက်ပဲ ယူစေချင်တယ်''ဟု မြောက်ဘက် စောင်းတန်းတွင် ဈေးရောင်းချသူ ကိုဇော်ဟိန်းအောင်က ပြောသည်။


မဟာမုနိရုပ်ရှင်တော်မြတ် စောင်းတန်းလေးသွယ်တွင် စောင်းတန်းတစ်သွယ်လျှင် ဈေးဆိုင်ခန်း ပေါင်း ၂ဝဝ ရှိရာ စုစုပေါင်းဈေး ဆိုင်ခန်း ၈ဝဝ ရှိပြီး ယခုလက်ရှိ တွင် ဈေးဆိုင်ခန်းတစ်ခန်းတစ်ရက် လျှင် ငွေကျပ် ၂ဝဝ နှုန်းသာကောက် ခံလျက်ရှိကြောင်း သိရသည်။

MTK

#democracytoday

 

Rate this item
(0 votes)
back to top