HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဧရာဝတီ တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရန် အမှုတွဲပေါင်း ၂၂ တွဲ ကျန်ရှိနေသေး

ဧရာဝတီ တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရန် အမှုတွဲပေါင်း ၂၂ တွဲ ကျန်ရှိနေသေး

ပုသိမ်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော်သမ္မတမှ လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှု ပြန်လည် စိစစ်ခြင်းလုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီး ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း ဧရာဝတီတိုင်းဒေသကြီးတွင် ဖြေရှင်းရန်အမှုတွဲပေါင်း ၂၈၂ တွဲကျန်ရှိနေသေးကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်(၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိ စစ်ရေးလုပ်ငန်းများ၏ ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက် ရန် ကျန်ရှိနေမှုအခြေအနေများ ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေး ခွန်းအဖြစ်မေးမြန်းခဲ့သည်ကို တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်အောင်ဝင်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

''မြေစစ်လုပ်ငန်းများနဲ့ပတ် သက်လို့ ဆောင်ရွက်ရမယ့် အမှု တွဲပေါင်းဟာ ၁၂၃၉ တွဲရှိပါတယ်။ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်း ညွှန်ချက်အရ ဒီဇင်ဘာလကုန်မှာ ပြီးစီးရေးအတွက် မျှော်မှန်းပြီး တော့ ဦးတည်ဆောင်ရွက်ခဲ့ရာမှာ တစ်လတစ်ကြိမ်အစည်းအဝေး များ၊ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း အလိုက် ဆောင်ရွက်ခဲ့သလို အမြန် ပြီးစီးရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ စစ်ဆေး ဆောင်ရွက်ပြီး အမှုတွဲပေါင်းဟာ ၉၅၇ တွဲဖြစ်ပါတယ်။ ကျန်တဲ့အမှု တွဲပေါင်းကတော့ ၂၈၂ တွဲ၊ ဒီထဲ မှာ ထပ်မံဝင်ရောက်တဲ့အမှုတွဲများ လည်း ဝင်ရောက်လျက်ရှိပါတယ်။ ကျန်ရှိတဲ့တိုင်ကြားစာတွေကို အလျင်အမြန်ဖြေရှင်းနိုင်အောင် မြေ စစ်ကော်မတီအဆင့်ဆင့်ကို ညွှန် ကြားဆောင်ရွက်လျက်ရှိပါတယ်''ဟု ဝန်ကြီးဦးတင်အောင်ဝင်းက ပြောကြားသည်။


''လွှတ်တော်ကိုယ်စားလှယ် များပါ ပါဝင်ဖွဲ့စည်းထားတဲ့ ကျေး ရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အလိုက် မြေစစ်ကော်မတီများဟာ တစ်လလျှင် နှစ်ကြိမ်အနည်းဆုံး ဆောင်ရွက်လျက်ရှိသော်လည်း အားနည်းအားသာလျက်ရှိပါ တယ်။ အမှန်တရားကို ရပ်တည်ပြီး တကယ်နစ်နာသူတောင်သူများ အတွက် အခွင့်အလမ်းတစ်ရပ်အနေ နဲ့ ရပ်တည်ပေးရမှာဖြစ်သလို မှန် သလိုနဲ့ မြေပြင်အခြေအနေအရ ကွဲပြားခြားနားချက်တွေကလည်း စိန် ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်''ဟု ဒေါက်တာထိန်ဝင်းကပြောသည်။


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တစ်ခုတည်း တွင်ပင် မြေစစ်အမှုပေါင်း ၁၃၄ မှုရှိပြီး ဆောင်ရွက်ပြီးအမှုပေါင်း ၉၉ ခုရှိကြောင်း၊ ဆောင်ရွက်ရန် အမှုတွဲပေါင်း ၃၅ ခု ကျန်ရှိနေသေး ကြောင်း၊ ခရိုင်မြေစစ်မှ ပြန်လည် ပေးပို့ထားသည့်အမှုပေါင်း ခြောက် ခုရှိနေသေးကြောင်း ကျောင်းကုန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာထိန်ဝင်းထံမှ သိရ သည်။ 

MM

#democracytoday

Rate this item
(0 votes)
back to top