HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မကွေး-တောင်တွင်း မီးရထား စတင်ပြေးဆွဲစဉ်က ခရီးသည်များပြားခဲ့သော်လည်း ယခုအခါ ခရီးသည် လိုက်ပါမှုလျော့နည်းလာ

မကွေး-တောင်တွင်း မီးရထား စတင်ပြေးဆွဲစဉ်က ခရီးသည်များပြားခဲ့သော်လည်း ယခုအခါ ခရီးသည် လိုက်ပါမှုလျော့နည်းလာ

မကွေး၊ ဇန်နဝါရီ ၁၁

မကွေး- တောင်တွင်း မီးရထားစတင်ပြေး ဆွဲစဉ်က ခရီးသည်များပြားခဲ့ သော်လည်း ယခုအခါ ခရီးသည် လိုက်ပါစီးနင်းမှုလျော့နည်းပြီး ဝင် ငွေကျဆင်းလာကြောင်း သိရသည်။ ခရီးသွားများသွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် မကွေး-တောင်တွင်းမီးရထားကို ၁၉၉၇ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ ရာ မီးရထားစတင်ပြေးဆွဲစဉ်က ခရီးသည်များစီးနင်းမှုများပြား သောကြောင့် အဆိုပါရထားကို တစ်ရက်နှစ်ကြိမ် အသွားအပြန် လေးခေါက်ပြေးဆွဲပေးခဲ့ရပြီး ၂ဝဝ၄ ခုနှစ်နောက်ပိုင်းတွင် မီးရထားဖြင့် ခရီးသည်လိုက်ပါမှုလျော့နည်းလာ သဖြင့် တစ်ရက်တစ်ကြိမ်သာ အသွားအပြန်နှစ်ခေါက်ပြေးဆွဲ နေရသည်။

''ခရီးသည်တွေ မီးရထားစီးမှု လျော့နည်းသွားတာက လမ်းပန်း ဆက်သွယ်ရေးကောင်းသွားတဲ့အ တွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေး ရွာချင်းဆက် လမ်းတွေကောင်းတဲ့ အတွက် ရွာတွေကနေ သွားချင် တဲ့နေရာကို ဆိုင်ကယ်၊ သုံးဘီး၊ မော်တော်ကားတွေနဲ့ အချိန်မရွေး သွားလာနိုင်တဲ့အတွက် ခရီးသည် လျော့နည်းသွားတာဖြစ်ပါတယ်''ဟု မကွေးမီးရထားဘူတာရုံမှ ရုံ ပိုင်ဦးတင်သိန်းက ပြောကြားသည်။


၂ဝ၁၈ ခုနှစ် လပိုင်းများတွင် တစ်ရက်လျှင် ရထားစီးခရီးသည် ၁၅ ဦးခန့်ရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်လ ဆန်းပိုင်းမှစတင်၍ တစ်ရက်လျှင် ခရီးသည် နှစ်ဦးမှ သုံးဦးခန့်သာ လိုက်ပါမှုရှိတော့သည့်အတွက် ဝင်ငွေကျဆင်းနေခြင်းဖြစ်သည်။ မကွေး-တောင်တွင်းမီးရထား ခဈေးနှုန်းမှာ အနည်းဆုံးကျပ် ၁ဝဝ မှ တောင်တွင်းအထိ ကျပ် ၅ဝဝ ဖြစ်ပြီး နေ့စဉ် နံနက် ၅ နာရီ တွင် မကွေးမှ တောင်တွင်းသို့ ပြေး ဆွဲပေးနေကြောင်း သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top