HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မဲဆောက်မြို့တောင်ဘက်၌ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၂ ဦး အဖမ်းခံရ

မဲဆောက်မြို့တောင်ဘက်၌ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၂ ဦး အဖမ်းခံရ

မဲဆောက်၊ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံ နယ်စပ်မဲဆောက်မြို့တောင်ဘက် ၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃၂ ဦးတို့ထံတွင် အလုပ် လုပ်ကိုင်ခွင့်အထောက်အ ထား အပြည့်အစုံမရှိဟုဆိုကာ ထိုင်းတာဝန်ရှိသူများ၏ ဖမ်းဆီး ခြင်းကိုခံခဲ့ကြရကြောင်း သိရသည်။

ဖြစ်စဉ်မှာမဲဆောက်မြို့နယ် အနီးရှိ ဖုတ်ဖရာ့မြို့နယ် ချောင့် ခတ်မြို့နယ်ခွဲ (စောအိုတိုက်နယ်) အပိုင်ဖြစ်သည့် တစ်ကီလိုမီတာအ ရပ်၊ နှစ်ကီလိုမီတာအရပ်နှင့်၊ သုံး ကီလိုမီတာအရပ် (ဒေသအခေါ် ၄၈ ကီလိုမီတာအရပ်) တို့၌စိုက် ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြ သည့် မြန်မာစိုက်ပျိုးရေးအလုပ် သမားအမျိုးသား ၁၇ ဦးနှင့်အမျိုး သမီး ၁၅ ဦးတို့ အလုပ်လုပ်ကိုင် ခွင့် အထောက်အထားအပြည့်အ စုံမရှိဟုဆိုကာ ထိုင်းနယ်ခြားစောင့် ရဲ၊ ထိုင်းလဝက၊ ထိုင်းမှုခင်းရဲတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁ဝရက်၊ နံ နက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

 

''အခုတစ်လော ထိုင်းတာဝန် ရှိသူတွေက မကြာခဏဖမ်းဆီးမှု တွေလုပ်နေကြတယ်။ အဓိကအ ကြောင်းကတော့ ပြီးခဲ့တဲ့လက မြန်မာအချင်းချင်း လေးလောင်း ပြိုင် လူသတ်မှုကြီးဖြစ်ပေါ်ခဲ့ တယ်။ ဒီလိုရာဇဝတ်မှုကြီးကတော့ မဲဆောက်မှာတစ်ခါမှ မဖြစ်ဖူးဘူး။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာတွေ အနေနဲ့အထောက်အထားခိုင်လုံ စွာမပြုလုပ်ဘဲ တရားမဝင်နေ ထိုင်မှုတွေကြောင့် ဖြစ်ရတာလို့ ထိုင်းအာဏာပိုင်တွေက သုံးသပ် ကြတယ်။ ဒါကြောင့် ထိုင်းနိုင်ငံထဲ မှာနေမယ်ဆိုရင် အထောက်အထား အပြည့်အစုံလုပ်ပြီး နေကြပါလို့ ပြောပါရစေ။ ဖမ်းမိသူတွေကို ဘယ် လိုအရေးယူမယ်ဆိုတာတော့ အတိ အကျမသိသေးပါဘူး''ဟု မဲဆောက် အခြေစိုက်မြန်မာရွှေ့ပြောင်းအလုပ် သမားများပူးတွဲကော်မတီ D (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။


ဇန်နဝါရီ ၁၁ရက် နံနက်ပိုင်းတွင်လည်း အလုပ်သမား ၂ဝ ခန့်ဆက် လက်ဖမ်းဆီးခံရကြောင်း သတင်းရရှိ ပြီး မြန်မာအချင်းချင်းလေးလောင်း ပြိုင်လူသတ်မှု ကြီးဖြစ်ပေါ်ခဲ့ပြီးနောက် မဲဆောက်ရှိစွန့်ပစ်အမှိုက်ပုံ၌ ရှာဖွေ စားသောက်နေကြသည့် မြန်မာလူ မျိုး ၉ဝ ကျော်ဖမ်းဆီးခံခဲ့ရသေးသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top