HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ထိုင်းမှပြန်လာသူ အလုပ်သမားများကို မသမာသော ငွေလဲယူမှုနှင့် ကားခများ ခြိမ်းခြောက်တောင်းယူမှုများ ရှိနေ

ထိုင်းမှပြန်လာသူ အလုပ်သမားများကို မသမာသော ငွေလဲယူမှုနှင့် ကားခများ ခြိမ်းခြောက်တောင်းယူမှုများ ရှိနေ

မြဝတီ၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံမှ အလုပ်လုပ်ပြီးပြန်လာကြ သည့် မြန်မာအလုပ်သမားများနှင့် မိမိနေရပ်သို့ ခွင့်ဖြင့်ပြန်လာကြသည့် မြန်မာအလုပ်သမားများသည် နယ် စပ် မြဝတီမြို့သို့ ရောက်ရှိစဉ် မ သမာသူ လူလိမ်များက ၎င်းတို့ထံတွင် ပါရှိလာသည့် ထိုင်းဘတ်ငွေ များအား မြန်မာငွေနှင့်လဲလှယ် ပေးရာ၌ လိမ်ယူမှုများရှိသကဲ့သို့ ၎င်းတို့နှင့် ချိတ်ဆက်ထားသော ကားသမားများကလည်း ကားခ တောင်းယူရာတွင် မတန်တဆ မတရားခြိမ်းခြောက်တောင်းယူမှု များရှိနေကြောင်း သိရသည်။

''ကျွန်မက ဘန်ကောက်အထည်ချုပ်စက်ရုံမှာ ငါးနှစ်အလုပ် လုပ်ပြီး မြန်မာပြည်ပြန်လာခဲ့တယ်။ မဲဆောက်ကနေ ချစ်ကြည်ရေးတံ တားကြီးအနီးရောက်တော့ ထိုင်းဘက်ခြမ်းကို မြန်မာဘက်က ကားသမားတွေလာကြိုကြတဲ့အ တွက် သူတို့နဲ့ မြဝတီဘက်ကို လိုက် လာခဲ့ပြီး အလုပ်လုပ်လို့ရလာခဲ့တဲ့ ထိုင်းဘတ်ငွေ ၃ဝဝဝဝ ကို မြဝတီ မြို့ရပ်ကွက် (၃) မှာရှိတဲ့ အိမ်တစ် အိမ်မှာ လဲပေးတယ်။ အားလုံး မြန်မာကျပ်ငွေ ၁၃ သိန်းကျော်ရ တယ်။ အဲဒါကိုအိတ်အမည်းရောင်နဲ့ ထည့်ပေးပြီး သူတို့တင်ပေးလိုက် တဲ့ ကားနဲ့လိုက်လာခဲ့တာ ကော့ ကရိတ်ကျော်တော့ ငွေကိုပြန်စစ် ကြည့်လိုက်တဲ့အခါ ကျပ် ရှစ်သိန်း ပဲရှိတယ်။ ဒီတော့မှ အလိမ်ခံလိုက် ရပြီဆိုတာ သိလိုက်ရတယ်။ ကား သမားကလည်း ကားခကို ကျပ် ၅ဝဝဝဝ တောင်းတယ်။ ရန်ကုန် အထိမှ ကားခ ကျပ် ၁၅ဝဝဝ ပဲ ပေးရတာ၊ မပေးရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီးခြိမ်းခြောက်လို့ ပေးလိုက်ရတယ်။ ဒါနဲ့ ကော့ကရိတ် မှာဆင်းပြီး၊ ကော့ကရိတ်ရဲစခန်း ကို တိုင်တော့ ကော့ကရိတ်ရဲစခန်း က မြဝတီရဲစခန်းကို ပို့ပေးပြီး အမှု ဖွင့်ခိုင်းတယ်။ မြဝတီရဲစခန်းက ငွေလဲပေးတဲ့ရပ်ကွက် (၃)က အိမ် ကို လိုက်ပြခိုင်းပြီးရှင်းတော့၊ လိုနေ တဲ့ ငွေကျပ် ငါးသိန်းကျော်ကို ပြန်ရ ခဲ့ပါတယ်။ အမှုမဖွင့်တာက အမေ က ဆေးရုံတက်နေလို့ အရေးပေါ် ပြန်ရမှာလို့ပါ''ဟု လှိုင်းဘွဲမြို့ကို ပြန်မည့် မသူဇာခိုင်ကပြောသည်။

 

''မြဝတီမှာ ဒီလိုဖြစ်စဉ်တွေ မကြာခဏဖြစ်နေတယ်။ အလိမ် ခံရတဲ့ ငွေရရင်လိမ်တဲ့သူကို အမှု မဖွင့်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးမှာ တရားရင်ဆိုင်ရမှာက တစ်ကြောင်း၊ သက်သေခံလာရ မှာ၊ ရက်ကြာမှာ စတဲ့အကြောင်း တွေကြောင့် ငွေရတာနဲ့ နေရပ်ပြန် ကြတာကြောင့် လိမ်တဲ့သူကို တရား စွဲတင်လို့ မရဘူးဖြစ်နေတယ်''ဟု မြဝတီရဲစခန်းမှူး ဒုရဲမှူးမင်းကိုက ပြောသည်။ ထိုင်းမှ ပြန်လာကြသည့် မြန်မာအလုပ်သမားအချို့မှာ မြ ဝတီရောက်လျှင် ဘတ်ငွေများလဲ ရာ၌ အလိမ်ခံရခြင်း၊ ကားခများ ကိုလည်း မတရားခြိမ်းခြောက်ပိုမို တောင်းယူခံရခြင်းများ မကြာခဏ ခံနေရကြောင်း သိရသည်။

KKTM

#democracytoday

Rate this item
(0 votes)
back to top