HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုသောလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေးဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုသောလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေးဆွေးနွေး

မော်လမြိုင်၊ ဇန်နဝါရီ ၁၂

မွန် ပြည်နယ်လွှတ်တော် ပြည်သူ့ငွေ စာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံ ကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စ ရပ်များ လေ့လာသုံးသပ်ရေးကော် မတီနှင့် မွန်ပြည်နယ်အရပ်ဘက် အဖွဲ့အစည်းကွန်ရက် မွန်ပြည် နယ်သတင်းမီဒီယာများသည် ဇန်န ဝါရီ ၁၁ ရက် နံနက် ၁ဝ နာရီတွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံပြီး မွန် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှခွင့်ပြုချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်စီမံကိန်းများ ပွင့်လင်းမြင် သာစွာ ရှိ/မရှိအား လေ့လာသုံး သပ်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာ လေ့လာသုံးသပ်ရေးကော် မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးအောင် ကျော်သူက ' MIC ခွင့်ပြုချက်နဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ကုမ္ပဏီ တချို့ဟာ ဒေသခံပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြ မှုမရှိတဲ့အတွက် ဒေသခံပြည်သူ တွေရဲ့ တိုင်ကြားစာတွေကိုဆောင် ရွက်နေရပါတယ်။ ကော်မတီအနေ နဲ့ ကုမ္ပဏီတွေကိုလေ့လာသုံးသပ် တဲ့နေရာမှာ ကုမ္ပဏီကဆောင်ရွက် နေတဲ့လုပ်ငန်းဟာ ဒေသဖွံ့ဖြိုးရေး အတွက် အကျိုးရှိတဲ့လုပ်ငန်းဖြစ် ဖို့ ကုမ္ပဏီနဲ့ဒေသခံကြား ပဋိပ က္ခအသွင်မရှိဖို့၊ ကုမ္ပဏီတွေအနေ နဲ့ MIC ရဲ့ခွင့်ပြုချက်အတိုင်း ဥပဒေ၊ နည်းဥပဒေနဲ့ညီညွတ်ရဲ့ လား စတာတွေကိုလေ့လာသုံးသပ် မှာဖြစ်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့လုပ်ငန်းဟာ ဒေသခံပြည်သူနဲ့ ပြည်နယ်အတွက် လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ အကျိုးဆက်တွေကို လေ့လာ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။

 

ဆက်လက်၍ တက်ရောက် လာသောအရပ်ဘက်အဖွဲ့အစည်း များနှင့် မီဒီယာများက မွန်ပြည် နယ်အတွင်းရှိ MIC ခွင့်ပြုချက် ဖြင့်ဆောင်ရွက်နေသော ကုမ္ပဏီ များနှင့် ဒေသခံပြည်သူများအကြား ပွင့်လင်းမြင်သာမှုမရှိခြင်း ကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို ရှင်းလင်းတင်ပြကြကြောင်း၊ မွန် ပြည်နယ်တွင်ြှုဃ ခွင့်ပြုထား သောလုပ်ငန်း ၅၉ ခုရှိပြီး ရင်းနှီး မြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ် လာ ၅၅၂၁ သန်းကျော်နှင့် မြန် မာကျပ်ငွေသန်းပေါင်း ရှစ်သန်းရှိ ကြောင်း မွန်ပြည်နယ်လွှတ်တော် ရုံးမှ သိရသည်။ 

AHO

#democracytoday

Rate this item
(0 votes)
back to top