HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြည်သူ့ပါတီ၏ ပထမဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးအဖြစ် စစ်ကိုင်းတိုင်းရုံးကို မုံရွာတွင်ဖွင့်လှစ်

ပြည်သူ့ပါတီ၏ ပထမဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးအဖြစ် စစ်ကိုင်းတိုင်းရုံးကို မုံရွာတွင်ဖွင့်လှစ်

မုံရွာ၊ ဇန်နဝါရီ ၁၂

၈၈ မျိုး ဆက် ကျောင်းသားများနှင့် ဝါရင့် နိုင်ငံရေးခေါင်းဆောင်များ ပါဝင် သော ပြည်သူ့ပါတီ၏ ပထမဆုံး တိုင်းနှင့်ပြည်နယ်ရုံးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရုံးကိုမုံရွာမြို့ နတ် လူထိပွန်ရပ်ကွက် ဘိုးဘွားရိပ်သာ အနီးတွင် ဇန်နဝါရီ ၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲသို့ ပြည်သူ့ပါတီဗဟို ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုဥက္ကဋ္ဌ ဦးမင်း ဇေယျအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးစိုးဝင်းဆွေ နှင့် စစ်ကိုင်းတိုင်းမှ ၈၈ မျိုးဆက် နိုင်ငံရေးသမား ၁ဝဝ ခန့် တက် ရောက်ခဲ့ကြသည်။

''ကျွန်တော်တို့တစ်တွေ နား ထောင်တဲ့နိုင်ငံရေးသမားဖြစ်ဖို့ လို ပါတယ်။ နားထောင်မှ ဒီဒေသရဲ့ ပကတိအခြေအနေ အခက်အခဲ တွေ သိရမှာဖြစ်ပါတယ်။ ကာယကံ မြောက် နားထောင်တာရှိမယ်။ စာ ရွက်စာတမ်းတွေ၊ တိုင်တန်းစာတွေ ကနေ နားထောင်တာရှိမယ်။ ပြီး ရင် အကြံÓဏ်တွေပေးဖို့ ကူညီ ဖြေရှင်းပေးဖို့ ရုံးခန်းရှိတယ်။ အခု ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီးရုံးခန်း ဟာ ဖွင့်လှစ်တဲ့နေ့ကစလို့ တစ်ခါ တည်းကြေညာရတော့မှာ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှိတဲ့ ပြည်သူတွေအတွက် အကူ အညီတောင်းနိုင်၊ ရင်ဖွင့်နိုင်၊ တိုင် တန်းနိုင်တဲ့ နေရာတစ်ခုဖြစ်လာ အောင် ဆောင်ရွက်မှာပါ။ ကျွန် တော်တို့ပြည်သူတွေရဲ့ အခက်အ ခဲကို အကျိုးဆောင်ပေးနိုင်တာနဲ့အ မျှ ကျွန်တော်တို့ပါတီဟာ လူထု ထောက်ခံမှု ရလာမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နှစ် ၃ဝ ဖြတ် သန်းမှုကနေ သင်ကြားလိုက်ရတဲ့ ပညာပါ''ဟု ဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောသည်။


ပြည်သူ့ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ကျပြီးနောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ်ရုံးများကို ယခု နှစ်တွင် လိုက်လံဖွင့်လှစ်နေပြီး ဇန် နဝါရီ ၁၃ ရက်တွင် မန္တလေးတိုင်း ဒေသကြီးရုံးကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top