HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပုဂံဒေသယဉ်ကျေးမှု အမွေထိန်းသိမ်းရေးဥပဒေ ပြည်သူဆန္ဒနှင့် အညီရေးဆွဲရေး ဆန္ဒထုတ်ဖော်

ပုဂံဒေသယဉ်ကျေးမှု အမွေထိန်းသိမ်းရေးဥပဒေ ပြည်သူဆန္ဒနှင့် အညီရေးဆွဲရေး ဆန္ဒထုတ်ဖော်

ညောင်ဦး၊ ဇန်န၀ါရီ ၁၉

ပုဂံ ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကာကွယ်ထိန်းသိမ်းရေးဥပဒေထုတ်ပြန်ရာ တွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများ ပါဝင်ခြင်းမရှိသည့်အတွက် ဇန်န၀ါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပုဂံေ ညာင်ဦး မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေး အသင်းမှဦးဆောင်၍ ဒေသခံ ပြည်သူ ၁၅၀၀ ခန့်ပါဝင်သောပူး ပေါင်းအဖွဲ့မှ ညောင်ဦးမြို့ ဂရုဏာရှင်နာမှုကူညီရေးအသင်းရုံး အနီးမှ ရွှေစည်းခုံဘုရားအနီး ကွင်းပြင်အထိ ငြိမ်းချမ်း စွာဆန္ဒ ထုတ်ဖော်ပွဲကျင်းပခဲ့ကြောင်း သိ ရသည်။

မိမိဒေသရှိ ယဉ်ကျေးမှုအ မွေအနှစ်များကို မပျောက်ပျက် အောင် ကာကွယ်ထိန်းသိမ်းနိုင် ရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီရေးဆွဲဆောင် ရွက်နိုင်ရန်၊ မြို့ရွာဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာ ကွယ်ထိန်းသိမ်းရေး ဥပဒေအောက် တွင်မနေလို၍ ယင်းဥပဒေလွှမ်း မိုးမှု မရှိစေရန်၊ လွှတ်တော်အ ဆင့်ဆင့်တွင် ဒေသခံပြည်သူများ မှ တင်ပြဆွေးနွေးသော်လည်း မိမိတို့ဒေသ၏ တောင်းဆိုချက် များဖြစ်မလာ၍ ပြည်သူ့အသံ၊ လွှတ်တော်အသံဖြစ်လာစေရန်၊ ဒေသခံပြည်သူများအား ဖိနှိပ်ချုပ် ချယ်သော ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေ အား လူနေဇုန်အတွင်းမပြဋ္ဌာန်း စေရန် စတဲ့ရည်ရွယ်ချက်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း ဒေသခံရပ်မိရပ်ဖဦးနိုင် ထွန်းကပြောသည်။


ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကာကွယ်ထိန်းသိမ်းရေး ဥပဒေထုတ်ပြန်ရာတွင် ဒေသခံ ပြည်သူများ၏ ဆန္ဒသဘောထား များပါဝင်လာစေရန်အတွက် ဗီ နိုင်းစာတန်းများကိုင်ဆောင်ေ<ကး ကြော်၍ ညောင်ဦးမြို့ ဂရုဏာရှင် နာမှုကူညီရေးအသင်းရုံးအနီးမှ ရွှေစည်းခုံဘုရားအနီးကွင်းပြင်အ ထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။

YWN

#democracytoday

Rate this item
(0 votes)
back to top