HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အရှေ့တောင်အာရှ ကလေးသူငယ်ဆိုင်ရာ ရုပ်သံပွဲတော်နှင့်ပြိုင်ပွဲတွင် ဆုရရှိသူများ ဆုချီးမြှင့်

အရှေ့တောင်အာရှ ကလေးသူငယ်ဆိုင်ရာ ရုပ်သံပွဲတော်နှင့်ပြိုင်ပွဲတွင် ဆုရရှိသူများ ဆုချီးမြှင့်

ရန်ကုန်၊ ဇန်န၀ါရီ ၁၉

အရှေ့ တောင်အာရှကလေးသူငယ်ဆိုင် ရာ ရုပ်သံပွဲတော်တွင် အာဆီယံ ဒေသကြီးအဆင့်နှင့် အမျိုးသား အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်န ၀ါရီ ၁၉ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား စတူဒီယိုခန်းမ(ဗ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာ့အ သံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြား ရေးမှူးချုပ်ဦးမြင့်ထွေးက အမှာ စကားပြောကြားပြီး ပြိုင်ပွဲ၏အကဲ ဖြတ်ဒိုင်ငါးဦးနှင် ကလေးဒါရိုက် တာဖြစ်သော (၁၂) နှစ်အောက် မစုလင်းလဲ့နှင့် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား မဆုလတ်ရွှေရည်ဇော်တို့ ကို ညွှန်ကြားရေးမှူးချုပ်မွှသစ င်္ငည- ေူင်အ ၏ ႊၽငညညနမ အဖြစ် ဆုများ ချီးမြှင့်သည်။


ဆက်လက်၍ အာဆီယံဒေသ ကြီးအဆင့်နှင့် အမျိုးသားအဆင့် တို့တွင် ဆန်ခါတင်ရွေးချယ်ခံရ သည့် အသက် (၁၂)နှစ်အောက် မောင်လင်းထက်အောင်နှင့် မောင် ရဲထွဋ်၊ အသက် (၁၂)နှစ်အောက် မခေတ်စိုးမိုးဦးနှင့် မခန့်အိမ် စည် တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားမှ ညွှန်ကြားရေးမှူးဒေါ်မိုးသူ ဇာအောင်ကလည်းကောင်း၊ အမျိုး သားအဆင့်ဆန်ခါတင်ရွေးချယ်ပွဲ တွင် အသက် (၁၃)နှစ်မှ (၁၅)နှစ် ကြား၊ (၁၆)နှစ်မှ (၁၈)နှစ်ကြား၊ ပရော်ဖက်ရှင်နယ်နှင့် ပညာရှင်အ ဆင့် မောင်ရဲခန့်ကျော်စိုး၊ မောင် ရဲသူရလွင်၊ မောင်တာတီး၊ မောင် စဆန်းနိုရေးနှင့် ဒါရိုက်တာကျော် နှင်းဆီတို့ကို မြန်မာ့အသံနှင့် ရုပ် မြင်သံကြားမှ အင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူ ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။


]]မြန်မာပြည်မှာလည်း အာဆီ ယံအလှည့်ကျလုပ်ဆောင်တဲ့အခါမှာ ယခုပွဲထက်ပိုပြီးစည်ကားအောင် အခုကတည်းက လေ့လာသင်ယူမှတ် သားထားဖို့လိုပါတယ်။ ကလေးတွေ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်း ၃၀ ကျော်မှာ ကျွန်တော်တို့က အကဲဖြတ်လို့မရဘူး။ တင်ပေး လိုက်တာပါ။ ကျွန်တော်တို့နိုင်ငံက လွဲလို့ ကျန်တဲ့အာဆီယံကိုးနိုင်ငံ က အကဲဖြတ်တဲ့အခါမှာ အမှတ် အများဆုံး လေးကားရပါတယ်။ ပရော်ဖက်ရှင်နယ်အဖြစ် မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားက၀န်ထမ်း နဲ့ ကျန်တာက ကျောင်းသားသုံး ဦးရပါတယ်။ ဇာတ်ကားရဲ့ခေါင်း စဉ်က နလနမပိပေံနမသ ခေါင်း စဉ်နဲ့ ရိုက်ကူးယှဉ်ပြိုင်ခဲ့ကြတာပါ}} ဟု အကဲဖြတ်ဒိုင်အဖွဲ့ဝင်ဖြစ်သော ဦးမြင့်သိန်းဖေကပြောသည်။


မြန်မာနိုင်ငံမှ ကလေးသူ ငယ်များ ဒုတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်သော အရှေ့ တောင်အာရှကလေးသူငယ်များ ရုပ်ရှင်ပွဲတော်ပြိုင်ပွဲတွင် ဇာတ် ကား ၃၀ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုးကား ဆန်ခါတင်ရွေးချယ်ခံရပြီး အာဆီယံကိုးနိုင်ငံမှရွေးချယ်ရာ တွင် မြန်မာဇာတ်ကားလေးကား ပါဝင်ခဲ့ရာ ဂျူရီလူကြီးများ ဆက် လက်ရွေးချယ်ဆုံးဖြတ်မှုဖြင့် မြန် မာဇာတ်ကားနှစ်ကားမှာ အာဆီ ယံအဆင့်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရုပ်ရှင်ပွဲတော်ကို လာမည့် နှစ်တွင် ကမ္ဘောဒီးယား၌ကျင်းပ မည်ဖြစ်ပြီး အာဆီယံနိုင်ငံတို့၏ အလှည့်ကျတာဝန်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်လည်း တစ်ကြိမ် ကျင်းပမည်ဖြစ်သည်။


"ပထမအကြိမ်က အားနည်း ချက်တွေကို ဒုတိယအကြိမ်မှာပြင် ဆင်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ မိသား စုအရေးမှာ အဆင်မပြေတဲ့ကလေး တစ်ယောက်ရဲ့ ဘ၀ပြန်လည်ရှင် သန်လာအောင် အဘိုးအိုတစ်ဦး က လမ်းညွှန်တည့် မတ်ပေး ခဲ့ တဲ့ ငါးမိနစ်စာဗီဒီယိုနွဲျှ့ငညညနမ ဆုရ ခဲ့တာပါ"ဟု ဖိလစ်ပိုင်နိုင်ငံတွင်ဆု ရရှိခဲ့သည့် ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ဒသမတန်းကျောင်းသူ မဆုလတ်ရွှေရည်ဇော်ကပြော သည်။မြန်မာနိုင်ငံမှဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ဇာတ်ကားများကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ရိုက်ကူး၍ အာဆီယံကိုးနိုင်ငံမှ တည်းဖြတ်ဆုံးဖြတ်ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီတွင် ဆုများချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

TS(HTY)

#democracytoday

Rate this item
(0 votes)
back to top