HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေးမြို့၌ တရုတ်နှစ်သစ်ကူး အကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်  

မန္တလေးမြို့၌ တရုတ်နှစ်သစ်ကူး အကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်   

မန္တလေး၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် မြို့သစ်အမှတ်(၁)ရပ်ကွက်၊ (၇၃) လမ်း၊ အနောက်ဘက်ခြမ်း၊ သဇင်လမ်းနှင့် ငုရွှေ ဝါလမ်းကြားရှိ မင်္ဂလာမန္တလေး Business Support Center ၌ တရုတ်နှစ်သစ်ကူးအကြိုအထိမ်း အမှတ်အဖြစ် ယဉ်ကျေးမှုဖျော် ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဇန်န ဝါရီ ၃ဝ ရက်တွင် ညနေ ၄ နာရီ မှ ည ၁ဝ နာရီထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို တရုတ်- မြန်မာချစ်ကြည်ရေးကိုရှေးရှု၍ တရုတ်-မြန်မာယဉ်ကျေးမှုကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံရှိ ပြည် သူများအနေဖြင့် တရုတ်နှစ်သစ်ကူး၏ ပျော်ရွှင်မှုကိုမျှဝေနိုင်ရန်၊ တရုတ်နှစ်သစ်ကူးကို ကြိုဆိုနိုင်ရန်၊ တရုတ်ရိုးရာယဉ်ကျေးမှုနှင့် တရုတ်နှစ်သစ်ကူးအကြောင်း ပိုမို သိရှိလာစေရန်ရည်ရွယ်၍ ကျင်း ပခြင်းဖြစ်သည်။ ''တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေး မှုဖျော်ဖြေပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေအ ပြင် စတုဒိသာကျွေးမွေးမှာဖြစ်လို့ အန်ပေါင်းလည်းပေးသွားမှာပါ။ အလှဓာတ်ပုံရိုက်ကူးလို့ရတဲ့နေရာ တွေလည်း စီစဉ်ပေးထားပါတယ်''ဟု New Star Light ကုမ္ပဏီမှ နန်းဂျူလိုင်မိုးက ပြောကြားသည်။

 

မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံးမှကြီးမှူး၍ တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့များ ဖြစ်ကြသည့် ယူနန်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့၊ ဖူးကျန်ဗုဒ္ဓဘာ သာယဉ်ကျေးမှုအဖွဲ့၊ ကွမ်းတံဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ မန္တ လေးလူမျိုးစု ဗုဒ္ဓဘာသာယဉ်ကျေး မှုအသင်း၊ ကျင်းတာယန်အမျိုးသမီးဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့နှင့် နယူးစတားလိုက်ကုမ္ပဏီအုပ်စုတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ အဆိုပါပွဲတွင် တရုတ်ရိုးရာ ယဉ်ကျေးမှုအကများ၊ သီချင်းများ ဖြင့် ဖျော်ဖြေခြင်း၊ တရုတ်ရိုးရာ အစားအသောက်များကို စတုဒိသာ ကျွေးမွေးခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးနိုင်ရန်နေရာများ ပုံဖော်စီစဉ် ထားခြင်းအပြင် လာရောက်လည် ပတ်သူများအား အန်ပေါင်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

AXE

#democracytoday

Rate this item
(0 votes)
back to top