HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သုံးပွင့်ဆိုင်ယန္တရားတွင် အလုပ်သမားကိုယ်စားလှယ်ပါဝင်မှု ယာယီရပ်ဆိုင်းထားခြင်းအပေါ် ပြောစရာမရှိဟု ပြည်ထောင်စုဝန်ကြီးဆို

သုံးပွင့်ဆိုင်ယန္တရားတွင် အလုပ်သမားကိုယ်စားလှယ်ပါဝင်မှု ယာယီရပ်ဆိုင်းထားခြင်းအပေါ် ပြောစရာမရှိဟု ပြည်ထောင်စုဝန်ကြီးဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉- သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှုယန္တရားတွင် အလုပ်သမားကိုယ်စားလှယ် ပါဝင်နေမှုကို ယာယီရပ်ဆိုင်းထားခြင်းအပေါ် ပြောစရာမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က ရန်ကုန် မြို့ UMFCCI တွင် ပြုလုပ်သည့် အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းမှ ထူးချွန်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးစက်ရုံများဆုပေးပွဲ အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

''လက်ရှိ အလုပ်သမားအဖွဲ့ချုပ်တွေက သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှု ရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိ ပါဘူး။ တစ်ခုသိရမှာကတော့ အလုပ်သမားကဖြစ်စေ၊ အလုပ်ရှင်က ဖြစ်စေ၊ အစိုးရကဖြစ်စေ ဥပဒေပြင် ဆင်တဲ့နေရာမှာ ထည့်ချင်တဲ့အ ချက်အားလုံးကိုတော့ ပါကောင်း မှ ပါမှာပေါ့။ ဘာလို့လဲဆိုတော့ သုံးခုလုံးရဲ့ အကျိုးစီးပွားတွေအရ အတူ ဖြစ်သလို တချို့ကိစ္စတွေမှာ အလုပ် ရှင်နဲ့ အလုပ်သမား ဝိရောဓိဖြစ် တယ်။ အဲဒီအပေါ်မှာ လွှတ်တော် အနေနဲ့ကတော့ အကောင်းဆုံးအ ခြေအနေရောက်အောင် ပါသင့်တယ်လို့ယူဆတဲ့ ယုံကြည်တဲ့အ ချက်တွေကို ထည့်သွားမှာဖြစ်ပါ တယ်။ အလုပ်သမားအဖွဲ့ချုပ်တွေ ဆန္ဒပြတာတွေကတော့ သူတို့ရဲ့ ဆန္ဒနဲ့ ဆောင်ရွက်ချက်တွေကို သိ အောင်လို့ ဆန္ဒပြတယ်လို့ပဲ ယူဆ ပါတယ်''ဟု ၎င်းကပြောသည်။

သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှု ယန္တရားတွင် ပါဝင်မှုယာယီရပ်ဆိုင်း ထားသည့် အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) တို့က ဥပဒေကို လိုက်နာခြင်းမရှိ သည့် အလုပ်ရှင်များကို ဝန်ကြီးဌာန အနေဖြင့် အရေးယူဆောင်ရွက်ပေး မှု အားနည်းခြင်းကြောင့် အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှု ယန္တရားတွင် အလုပ်သမား ကိုယ်စား လှယ်များပါဝင်မှုကို ယာယီရပ်ဆိုင်း ထားခြင်းဖြစ်ကြောင်း ၎င်းအလုပ်သမားအဖွဲ့ချုပ်တို့ထံမှ သိရသည်။

ယခုဖေဖော်ဝါရီလကုန်ပိုင်း လောက်အထိ ပါဝင်မှု ရပ်ဆိုင်းထား ခြင်းဖြစ်ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေကြမ်းကော်မတီတို့ အားလုံးပါဝင်သည့် အပြုသဘော ဆောင် ညှိနှိုင်းဆွေးနွေးမှုကို တောင်း ဆိုထားသည်။

KSK/DemocracyToday

Rate this item
(0 votes)
YMG

back to top