HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၆ ဦးကို ထိုင်းနိုင်ငံက လွှဲပြောင်းပေးအပ်

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၆ ဦးကို ထိုင်းနိုင်ငံက လွှဲပြောင်းပေးအပ်

တာချီလိတ်၊ ဖေဖော်ဝါရီ ၉ - ထိုင်း နိုင်ငံတွင် အကြောင်းအမျိုးမျိုး ကြောင့် ဖမ်းဆီးအရေးယူခံကြရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးအား ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံတာဝန် ရှိသူများက တာချီလိတ်မြို့ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) တွင် လာရောက်လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သရသည်။

ပေးအပ်ပွဲသို့ တာချီလိတ်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီ CNCMC တို့မှ တာဝန်ရှိသူများက လွှဲပြောင်း လက်ခံကြပြီး နေရပ်ဒေသအသီး သီးသို့ ချောမွေ့လွယ်ကူစွာပြန်နိုင် ရေးအတွက် ကူညီဆောင်ရွက်ပေး ကြောင်း သိရသည်။

ယနေ့လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ မှာ အမျိုးသား ၂၄ ဦး ၊ အမျိုးသမီး ၁၈ ဦး ကလေး လေးဦးတို့ဖြစ်ကြ ပြီး အဆိုပါရွှေ့ပြောင်းမြန်မာအလုပ် သမားများအား CNCMC ကော်မတီ၏ အစီအစဉ်ဖြင့် ဦးအောင် နိုင်+ဒေါ်နန်းကျဲန်ခမ်း ( 1G1-7 ဟိုတယ်) မှ ညနေစာ၊ မဇ္ဈိမလူမှုရေး အသင်းတို့မှ အအေးတို့ဖြင့် အာ ဟာရဒါနပြုကြသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူ ခံရသူများအား ထိုင်းနိုင်ငံတာဝန်ရှိ သူများက စဉ်ဆက်မပြတ်ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာတွင် ဇန်န ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ အမျိုးသား ၁၅၂ ဦး၊ အမျိုးသမီး ၈၄ ဦး ၊ ကလေး ရှစ်ဦး စုစုပေါင်း ၂၄၄ ဦးဖြစ်ပြီး ¤င်းတို့အနေဖြင့် ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်ခြင်း၊ Border Pass သက်တမ်းလွန်ခြင်း တို့ကြောင့် ဖမ်းဆီးအရေးယူခြင်း ခံကြရသည်ဟု သိရသည်။

MYK/DemocracyToday

Rate this item
(0 votes)
YMG

back to top