HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဘီယာဖိုးတောင်းသည်ဆိုသော ကျိုက်မရောရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တိုင်တန်းရာတွင် တာဝန်ယူမှုမရှိဟုဆိုသော စခန်းမှူးတို့ကို စုံခုံဖွဲ့စစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - တရား ပွဲမှပြန်လာသည့် ကားတစ်စီးကို ညသန်းခေါင်အချိန် စစ်ဆေးရန် တားမြစ်ပြီး ဘီယာဖိုးပိုက်ဆံတောင်း ခဲ့သော ကျိုက်မရောရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ယင်းကိစ္စကို သွားရောက် တိုင်တန်းရာတွင် တာဝန်ယူမရှိ သော ကျိုက်မရောမြို့မရဲစခန်းမှူး တို့ကို စုံခဲုဖွဲ့စစ်ဆေးနေပြီး ကျူး လွန်ခဲ့ကြောင်း မှန်ကန်ပါက ထိ ရောက်စွာ အရေးယူသွားမည် ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က ပြောသည်။

''ဒီလိုမျိုးလုပ်ရပ်ကို ကျွန်တော် တို့ရဲတပ်ဖွဲ့အနေနဲ့ လက်မခံပါဘူး။ အဲဒီကိစ္စအခု စခန်းမှူးနဲ့ အဲဒီတပ် ဖွဲ့ဝင်နှစ်ဦးကို စုံခုံဖွဲ့စစ်ဆေးဖို့ ခရိုင် မှူးကို ညွှန်ကြားထားပါတယ်။ ကျူး လွန်ခဲ့တာ ပေါ်ပေါက်ပါက ရဲစည်း မျဉ်းနဲ့ ထိရောက်စွာအရေးယူသွား မှာပါ''ဟု ¤င်းကဒီမိုကရေစီတူဒေး သို့ ဖေဖော်ဝါရီ ၉ ရက်ကပြော သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားချိန်တွင် ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး မှာ သင်တန်းသွားနေချိန်ဖြစ်ပြီး ခေတ္တမြို့နယ်မှူးက တာဝန်ယူ ထားချိန်ဖြစ်ကာ အဆိုပါဖြစ်စဉ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ စခန်းမှူး က မြို့နယ်မှူးထံ သတင်းပို့ခဲ့ခြင်း လည်းမရှိခဲ့ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် ယင်းဖြစ်စဉ် ပျံ့နှံ့ ၍ သိလျှင်သိချင်း စုံစမ်းစစ်ဆေး စေခဲ့ခြင်းဖြစ်ကြောင်း ¤င်းကရှင်း ပြသည်။

''ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့ နယ်မှူးနဲ့ ခရိုင်မှူးတွေကို စစ်ဆေး ခိုင်းထားသလို ရဲချုပ်ရုံးကိုလည်း သတင်းပို့တင်ပြထားပြီးဖြစ်ပါတယ်'' ဟု ¤င်းကပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီကျော်ခန့်က ကိုစံ လင်းဦးနှင့် သူငယ်ချင်းတစ်စုသည် ကားဖြင့် ကျိုက်မရောမြို့နယ် ကော့ ကလော့တရားပွဲမှအပြန် ကျိုက် မရောမြို့မရဲစခန်းအနီးရှိ လမ်းခွဲ တစ်ခုသို့အရောက်တွင် ကျိုက် မရောရဲစခန်းမှ လှည့်ကင်းတာ ဝန်ကျ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက စစ် ဆေးရန်တားမြစ်ပြီး ဘီယာဖိုးငွေ ကြေးတောင်းခံခဲ့ကြောင်းနှင့် ယင်း သို့တောင်းခံမှုကို ကျိုက်မရောမြို့ မစခန်းမှူးထံသို့ သွားရောက်တိုင် တန်းသော်လည်း တာဝန်ယူမှုမရှိ သဖြင့် လူမှုကွန်ရက်စာမျက်နှင့် ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ ဓာတ် ပုံများနှင့်တကွ တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

''၇.၂.၂ဝ၁၉ ရက် ည ၁၁ နာရီကျော်တဲ့ချိန် ကျွန်တော်တို့ ကားကို ဓာတ်မီးအချက်ပြပြီး ရပ် ခိုင်းခဲ့ပါတယ်။ ယူနီဖောင်းဝတ် ထားတာမြင်လို့ ရပ်ပေးလိုက်ပါ တယ်။ အဲအချိန်မှာ ယူနီဖောင်း ဝတ်ပြီး အရက်နံ့ထောင်းခနဲ ထွက်နေတဲ့ ရဲနှစ်ယောက် ရောက် လာပြီး လိုင်စင်ရှိလားလို့ မေးပါ တယ်။ ကျွန်တော်တို့က လိုင်စင် ရှိပါတယ်လို့ပြောတဲ့အခါ ဘီယာဖိုး ပေးပါလို့ တောင်းပါတယ်။ ကျွန် တော်တို့ကလည်း မပေးနိုင်ပါဘူး ဆိုတော့ ဟိုရစ်ဒီရစ် လုပ်နေပါ တယ်။ ပြီးတော့ကားကိုလည်း ပတ် ပတ်လည်ဓာတ်ပုံရိုက်ပါတယ်။ နောက် ဆုံး သူတို့ရစ်မရတဲ့အဆုံးမှာ သွား လို့ရပြီဆိုပြီးပြောတဲ့တွက် ကျွန် တော်တို့ကားမောင်းထွက်ခဲ့ပြီး ကျိုက် မရောမြို့မရဲစခန်းထဲကို ဝင်ခဲ့ပါ တယ်။ တာဝန်ကျကင်းသမားကို ခုနက ပိုက်ဆံတောင်းတဲ့ရဲနှစ် ယောက်ပုံပြပြီး ဒီစခန်းကလားလို့ မေးတာ။ ဟုတ်တယ်။ ဒီစခန်းက ရဲပဲလို့ ဖြေပါတယ်။ အဲ့ဒါကြောင့် စခန်းမှူးနဲ့တွေ့ချင်ပါတယ်လို့ ပြော နေတဲ့အချိန် စခန်းမှူးထွက်လာတဲ့ အတွက် အကျိုးကြောင်းပြောပြပြီး သူ့တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲအ ချိန်မှာ မြို့မရဲစခန်းမှူးကိုယ်တိုင် မူးနေပြီး အဲဒါငါ့စခန်းက မဟုတ် ဘူး။ တခြားစခန်းက လာလုပ်စား နေတာ။ မင်းတို့ပိုက်ဆံပေးခဲ့ရလား၊ မင်းတို့ဘာနစ်နာသွားလဲဆိုပြီး တာ ဝန်မဲ့တဲ့စကားပြောပါတယ်။ ကျွန် တော်တို့က ဒီရဲတွေက စခန်းမှူးစခန်း ကလို့၊ ကင်းသမားရော ပိုက်ဆံ တောင်းတဲ့ ရဲကိုယ်တိုင်ရောအတည် ပြုပြောထားပါတယ်လို့ ပြောတာ တောင် မူးနေတဲ့အတွက် မဟုတ် ဘူး။ ငါ့ရဲတွေငါအိပ်ခိုင်းထားတယ် ဆိုပြီး ကျွန်တော်တို့ကိုပြန်ဖို့မောင်း ထုတ်ပါတယ်။ ပြီးတာနဲ့ စခန်းအ ရှေ့က တံခါးကိုပိတ်ပြီး ကင်းသမား ကို သော့ခတ်ခိုင်းခဲ့ပါတယ်'' ဟု San Lin Oo ဖေ့စ်ဘွတ်ခ်အကောင့် တွင် ဗီဒီယိုင်ဖိုင်များနှင့်တကွ တင် ထားသည်ကို တွေ့ရသည်။

¤င်း၏ လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသောအ ကြောင်းအရာ အချက်လက်များ အား အပြည့်အဝတာဝန်ယူကြောင်း၊ သက်ဆိုင်ရာ လူကြီးမင်းများကလည်း မကောင်းသည့် ဝန်ထမ်းတချို့ကြောင့် တပ်ဖွဲ့တစ်ခုလုံး ပြည်သူအထင်သေး ခံရတာမျိုးမဖြစ်အောင် စံနမူနာ အနေဖြင့် စခန်းမှူးပါ ရဲတပ်ဖွဲ့ဝင် သုံးဦးစလုံးကို ထိရောက်စွာ အရေး ယူပေးစေလိုကြောင်း ¤င်းက ဆက် လက်ရေးသားထားသည်။ 

NT

Rate this item
(0 votes)
YMG

back to top