HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တောင်နဝင်းဆည် အရေးပေါ်ဖြစ်လာပါက မီးသတ်ကားဥသြဆွဲ အချက်ပေးမည်ဟုဆို

တောင်နဝင်းဆည် အရေးပေါ်ဖြစ်လာပါက မီးသတ်ကားဥသြဆွဲ အချက်ပေးမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - တောင် နဝင်းဆည် အရေးပေါ်အခြေအ နေဖြစ်လာပါက မီးသတ်ကားဥ သြဆွဲ အချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တောင်နဝင်းဆည်ကျိုးကျ သည်ဟု ကောလာဟလသတင်း ထွက်ပြီးနောက် အရေးပေါ်အချိန် အသိပေးစနစ်သတ်မှတ်ခြင်း ခေါင်းစဉ်ဖြင့် ကြေညာချက်ကို ပေါက် ခေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ကာ အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။

အရေးပေါ်အချိန် ပထမသ တင်းပေးအနေဖြင့် ဆည်မြောင်း တာဝန်ခံ၊ ရေကင်းတာဝန်ခံတို့က တာဝန်ယူပြီး အက်ကြောင်းဖြစ် ပေါ်နေသော တမံတာပေါင်တွင် ရေယိုစိမ့်မှုများပြားလာကာ ရေ နောက်များ ထွက်လာလျှင် အရေး ပေါ်ချိန်အဖြစ် သတ်မှတ်ရန်၊ ဖုန်း၊ ဗိုက်ဘာဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ ထံ အချိန်နှင့်တစ်ပြေးညီအကြောင်း ကြားရန်တို့ ကြေညာချက်၌ပါရှိ သည်။

သက်ဆိုင်ရာ ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ ရာ အိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများကလည်း အရေးပေါ် သတင်းရရှိပါက ဒေသခံများကို ခို လှုံရာနေရာများသို့ အမြန်ဆုံးပြောင်း ရွှေ့ရေး အသံချဲ့စက်ဖြင့်အသိပေး ကြေညာမည့်အပြင် သံချောင်း ခေါက်ခြင်း၊ လှည့်လည်ဆော်သြ ခြင်းများ ဆောင်ရွက်မည်ဟုလည်း ကြေညာထားသည်။

မြို့နယ်မီးသတ်ကို ဥသြဆွဲ အချက်ပေးရန် ညွှန်ကြားထားပြီး ယင်းအချက်ပေးသံကြားရပါက ခို လှုံရာနေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့ရန် ကြေညာချက်၌ ပါ ရှိသည်။

ပေါက်ခေါင်းမြို့နယ် မီးသတ် ဦးစီးမှူး ဦးရဲမင်းသန့်က ''အရေး ပေါ်အခြေအနေဖြစ်လာရင် တပ် ဖွဲ့ဝင်အင်အားက ၃ဝ ရှိတယ်။ အ ရန်မီးသတ်ကတော့ A ဂရု၊ B ဂရု ဆိုပြီး ခွဲထားတာရှိတယ်။ ဖြစ်ခဲ့ မယ်ဆို ပူးပေါင်းပါဝင်မှာပေါ့။ ကယ် ဆယ်ရေးပစ္စည်းတွေလည်း အရန် အနေနဲ့ တစ်ပတ်စာ စုဆောင်း ထားတဲ့အနေအထားရှိတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

ဆည်မဟုတ်ဘဲအခြားသော မီးလောင်မှုကဲ့သို့ဖြစ်ပေါ်ပါက ဥ သြဆွဲမည်မဟုတ်ပေ။

''မီးလောင်မှု မီးလန့်မှု ဖြစ်လာရင်တော့ ပြည်သူလူထု အထိတ်တလန့် ဖြစ်မှာစိုးလို့ ဥသြ တော့ မဆွဲတော့ဘူး။ အပေါ်က မီးကိုဖွင့်မယ်။ ဖြစ်တဲ့နေရာကို သွား ရောက်ငြှိမ်းသတ်မယ့်အနေအထား တွေကို တပ်ဖွဲ့ဝင်တွေကို ရှင်းပြ ထားတဲ့ အနေအထားရှိတယ်။ ဆည်ဖြစ်မှ ဥသြဆွဲအသံပေးမယ်'' ဟု ¤င်းကပြောသည်။

အရေးပေါ် ကြေညာချက်ကို လက်လှမ်းမီသလောက် ဒေသခံ ပြည်သူများအား ဟောပြောဆွေး နွေးမှုများ ဆောင်ရွက်နေကြောင်း ¤င်းကဆက်လက်ပြောသည်။

''အရေးကြုံလာမယ်ဆို အသင့် အနေအထားဖြစ်အောင် ဆောင် ရွက်ထားပါတယ်'' ဟု မီးသတ်ဦး စီးမှူး ဦးရဲမင်းသန့်က ပြောသည်။

ဖေဖော်ဝါရီ ၉ ရက် တောင် နဝင်းဆည်အနေအထားမှာ စိုး ရိမ်ဖွယ်မရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများကိုလည်း ကြေညာပေးထားကြောင်း ပေါက် ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦး ကျော်ဌေးက ပြောသည်။

''ကြေညာချက်ကတော့ ကြို တင်ကာကွယ်မှုအတွက် စီမံထား တဲ့ အနေအထားပါ။ တကယ်လို့ ဖြစ်လာခဲ့ရင် ကြိုတင်ကာကွယ်တဲ့ သဘောပါပဲ'' ဟု ¤င်းကဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ပေါက်ခေါင်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းနိုင်က ''ဆည်ပေါ်မှာ တော့ စီစီတီဗွီတပ်ဆင်ပြီးကာမှ ပရိုဂျက်တာနဲ့ချပြဖို့ စီစဉ်နေပါ တယ်။ ဆည်ရဲ့ကြံ့ခိုင်မှုကတော့ အ ပေါ်ယံ ကွဲအက်ကြောင်းတွေက ပေါ် လာတာပဲလေ။ နွေရောက်လေ ရေ နည်းသွားလေ ပေါ်မှာပဲ။ လက် ရှိရေရှိတဲ့ ရေတိမ်နဲ့တမံအက်ကြောင်း နဲ့က ပေ ၂ဝ လောက်ဝေးပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဆည်ကျိုးပြီဟု ဆိုင်ကယ်ဖြင့် ပေါက်ခေါင်းမြို့တွင်း ဆိုင်ကယ်ဖြင့် လှည့်လည်အော်ပြေးသူ သုံးဦးကို စုံစမ်းနေပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အသင့်ဖြစ်နိုင် ရန် ဆည်အနီးတစ်ဝိုက်တွင်လည်း ရဲလုံခြုံရေးချထားကြောင်း ပေါက် ခေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောခရစ္စတိုဖာက ပြောသည်။

ဆည်ကျိုးပြီဟု အော်ပြေးသူ များနှင့်ပတ်သက်၍မူ ''မြင်တဲ့သူ ကလည်းမရှိဘူး။ ကြားတဲ့သူက လည်း မမှတ်မိဘူး။ ဒီမြို့က ဖြစ် ချင်မှဖြစ်မယ်။ မြို့မှာတော့ စီစီ တီဗွီမှတ်တမ်းတော့ မရှိဘူး။ ကြား တဲ့နေရာ ဖြတ်သွားတဲ့ နေရာတွေ ကို မြင်မိကြားမိလား လိုက်လံစုံစမ်း နေတယ်'' ဟု ¤င်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း) ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ်အတွင်းရှိ တောင်နဝင်းရေ လှောင်တမံကျိုးကျသည်ဆိုသော ကောလာဟလသတင်းကို ဖေဖော် ဝါရီ ၈ ရက် နံနက်ပိုင်းက လူတစ် စုက ဆိုင်ကယ်ဖြင့် အော်ဟစ်ပြေး မှုကြောင့် ဒေသအတွင်းရှိ ကျေးရွာ များမှ ပြည်သူများ အထိတ်တလန့် စိုးရိမ်ပူပန်မှုဖြစ်ကာ ကျေးရွာအိုးအိမ် များအား စွန့်ခွာထွက်ပြေးခဲ့သည်။

တောင်နဝင်းရေလှောင်တမံ ကို ၁၉၈၅ ခုနှစ်မှ ၁၉၉၅ ခုနှစ်အ တွင်း တည်ဆောက်ခဲ့ပြီး သက်တမ်း အားဖြင့် ၂၄ နှစ် ခန့် ကြာမြင့်ပြီ ဖြစ်သည်။

Rate this item
(0 votes)
YMG

back to top