HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉- တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများကို စတင်ထုတ်ယူနိုင်ပြီဖြစ်ပြီး စာမေးပွဲမဖြေဆိုမီ ကတ်ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။


မတ်လ၆ရက်မှ ၁၅ရက်အထိ ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများမှ ဖြေဆိုခွင့်တောင်းခံထားသော ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယခု ၁၅ ရက်မှစတင်ပြီး သက်ဆိုင်ရာစာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံတွင် စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားများကိုထုတ်ယူပြီး စာမေးပွဲမတိုင်ခင်တွင် ပျောက် ဆုံးပါက ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။

''ကတ်ပျောက်လို့ ဖြေဆိုခွင့်မဆုံးရှုံးစေရပါဘူး။ မနက်ဖြန် စာမေးပွဲစရင် ဒီနေ့လိုအချိန်အထိ ကတ်ကိုပြန်လုပ်ပေးမှာပါ။ ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လိုအကြောင်းနဲ့မှ ဖြေဆိုခွင့် ဆုံးရှုံးမှုမရှိအောင် လုပ်ပေးထားတာပေါ့''ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ဝင်ခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်း (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ် ပိုင်အထက်တန်းကျောင်များမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏စာမေးပွဲဝင်ခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းအုပ် ကြီးများ၊ ပြင်ပမှဖြေဆိုမည့်သူများသည် စာမေးပွဲဝင်ခွင့်ကတ်ပြား များကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲခန်းဝင်ခွင့် ကတ်ပြားများကိုထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်စုံစမ်းနိုင်ကြောင်း သိရသည်။
ယခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုးသိန်းနီးပါးဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသည်။

Rate this item
(0 votes)
YMG

back to top