HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

'စာအုပ်ညဈေးပွဲတော်'ကို စတင်ဖွင့်လှစ်၊ အမြဲတမ်းစာအုပ်တန်းတစ်တန်း ဖွင့်လှစ်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှ ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ်ပြောကြား

'စာအုပ်ညဈေးပွဲတော်'ကို စတင်ဖွင့်လှစ်၊ အမြဲတမ်းစာအုပ်တန်းတစ်တန်း ဖွင့်လှစ်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှ ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ်ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- 'စာအုပ်ညဈေးပွဲတော်'ကို ဖေဖော်ဝါ ရီ ၉ ရက်မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အမြဲတမ်းစာအုပ်တန်းတစ်တန်း ဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အဆိုပါစာအုပ်ညဈေးပွဲတော်ကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်း ထောင့် House of Orchid မျက်နှာစာတွင် ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီလကုန်အထိ တစ်လတိတိ ဖွင့်လှစ်ထားမည်ဖြစ် သည်။

'စာအုပ်ညဈေးပွဲတော်'ဖွင့် ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''စာအုပ်ဆိုရင် ကျွန်တော်တို့က ဖတ်ချင်တယ်။ နောက်တစ်ချက်က စာအုပ်ကို ကျွန်တော်တို့က ဘေးမှာရှိနေစေချင်တယ်။ လောဘလို့ပြောလို့ရတယ်။ ကိုယ်ဖတ်ချင်တဲ့အခါမှာ ဘေးမှာရှိနေဖို့ လိုတယ်ဆိုတဲ့ အ တွေးက ကျွန်တော်တို့မှာ အမြဲရှိတယ်။ အချိန်မရဘူး။ စာအုပ် လေးတော့ ဘေးမှာရှိနေစေချင်တယ်။ ဒီအခွင့်အလမ်းတွေကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက ဖန်တီးဆောင်ရွက်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ စာအုပ်ဈေးတန်းကြီး တည်ဆောက် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာ တွေ ရှိပါတယ်။ ဒီ့အပြင် ကျွန်တော်တို့ အမြဲတမ်းစာအုပ်တန်း တစ်တန်းအနေနဲ့ ဖွင့်နိုင်အောင် အခုချိန်မှာ ကျွန်တော်တို့တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားနေပါတယ်။ ကမ်းနားလမ်းမှာရှိတဲ့ ညဈေးတန်းကြီးကို အဆင့်မြှင့် တင်ဖို့ အစီအစဉ်ရှိပါတယ်။ အဆင့်မြှင့်တင်တဲ့နေရာမှာ စာအုပ်တန်းတွေလည်း ထားချင်ပါ တယ်။ အခုလည်း ဒီစာအုပ်တန်း တွေမှာ လာပြီးရှာဖွေပြီး စာအုပ် ကောင်းတွေဖတ်နိုင်တဲ့ အခွင့်အရေးတွေရဖို့အတွက် အခုလို ဖန်တီးပေးမှုကိုလည်း ကျွန်တော့် အနေနဲ့ ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။

ပွဲတော်ဖြစ်မြောက်ရန်အတွက် အသင်းအနေဖြင့် ဝန်ကြီးချုပ်အား တင်ပြပြီး House of Orchid MD ဦးဌေးအောင်နှင့် ဖွင့်လှစ် နိုင်မည့်နေရာ ရရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာအုပ်ညဈေးပွဲတော် ပြု လုပ်ဖြစ်ပုံနှင့်ပတ်သက်၍ မြန်မာ နိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌဦးမြတ်ခိုင်က ''ကျွန်တော် တို့မြန်မာစာပေပွဲတော်အတွက် ဝန်ကြီးချုပ်ကြီးကို အကူအညီ သွားတောင်းခဲ့ဖူးတယ်။ သူ(ဝန် ကြီးချုပ်)တရားဟောတာတွေ နား ထောင်တယ်။ သူ့စိတ်ကူးထဲမှာ ဘာရှိလဲဆိုတော့ အဲဒီတုန်းက သိမ်ဖြူလမ်းစာအုပ်တန်းကလည်း မရသေးဘူး။ အဲဒီတော့ ကမ်းနားလမ်းညဈေးတန်းမှာ စာအုပ်တန်းထည့်ဖို့အစီအစဉ်ရှိတယ်ဆိုတော့။ အရင်တုန်းက ညဈေးတန်းမှာ စာအုပ်လိုချင်လို့ရှိရင် မြေ နီကုန်းညဈေးတန်းကို သွားကြရတယ်။ အခုတော့ မရှိတော့ဘူး ပေါ့။ အဲဒါလေးကိုသတိရတဲ့အ ခါကျတော့ ဝန်ကြီးချုပ်ကလည်း ကမ်းနားလမ်းမှာ စာအုပ်ညဈေး တန်းထည့်မယ်။ အော်ပရေတာ တွေနဲ့အဆင့်မြှင့်လုပ်မယ်ဆိုတော့ ဒါဆိုရင်တော့ ငါတို့ကိုခွင့်ပြုတန် ကောင်းတယ်ပေါ့။ သူလည်း စိတ် ကူးရှိနေတော့ စဉ်းစားပြီး ဒီက ဦးဌေးအောင်နဲ့ တိုင်ပင်ပြီးလုပ်ခဲ့ တယ်။ ဒီနေ့ ဖေဖော်ဝါရီ ၉ရက်က စပြီး နေ့စဉ်တစ်လတိတိ ဖွင့်ပါ မယ်။ ပြဿနာမရှိဘူးဆိုရင် ဆက် လုပ်သွားဖို့ရှိပါတယ်။ မွန်းလွဲ ၃ နာရီကနေ ည ၁ဝ နာရီအထိ ဖွင့် လှစ်ပါမယ်'' ဟု ပြောသည်။

ယခုဖွင့်လှစ်ထားသည့် 'စာအုပ်ညဈေးပွဲတော်'တွင် စာအုပ်ဆိုင်များဖွင့်လှစ်ရောင်းချလိုသူ များအသင်းသို့ ဆက်သွယ်နိုင် ကြောင်းနှင့် အသင်း၏ညီနောင် အသင်းများမှ ဖွင့်လှစ်မည့်သူများ ကိုအခမဲ့ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြန်မာ နိုင်ငံတွင် အမြဲတမ်းဖွင့်လှစ်သော စာအုပ်တန်းများမရှိသေးဘဲ ယာ ယီစာအုပ်တန်းဖြစ်သော သိမ်ဖြူ စာအုပ်တန်းသာ ဖွင့်လှစ်နိုင်သေး ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရ အနေဖြင့် အမြဲတမ်းစာအုပ်တန်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးဖို့ အစီအစဉ်ရှိကြောင်း သိရ သည်။

TTHL/DemocracyToday

Rate this item
(0 votes)
YMG

back to top