HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကမ်းရိုးတန်း မီးပြတိုက်များ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာလာသည့် ဆင်ပြောင်ရေယာဉ် မာန်အောင် မီးပြတိုက်အနီးတွင် နစ်မြုပ်၊ ရေယာဉ်ပေါ်ပါသူအချို့ ပျောက်ဆုံးနေ

ကမ်းရိုးတန်း မီးပြတိုက်များ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာလာသည့် ဆင်ပြောင်ရေယာဉ် မာန်အောင် မီးပြတိုက်အနီးတွင် နစ်မြုပ်၊ ရေယာဉ်ပေါ်ပါသူအချို့ ပျောက်ဆုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များ၊ ရေလမ်းကြောင်းလမ်းပြ ဗော်ယာများ ပုံမှန်ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းဆောင်ရွက်ရန် ရခိုင်ကျွန်းပတ်ခရီးစဉ် ထွက်ခွာသွားခဲ့သည့် ဆင်ပြောင်ရေယာဉ်သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီခန့်က မာန်အောင်မီးပြတိုက်အနီးတွင် နစ်မြုပ်ခဲ့ပြီး ရေယာဉ်ပေါ်ပါသူအချို့ ပျောက်ဆုံးနေကြောင်း သိရသည်။ ယင်းရေယာဉ်နစ်မြုပ်မှု ကြောင့် ရေယာဉ်ပေါ်ပါ ဝန်ထမ်းခုနစ်ဦးကို ကယ်ဆယ်ထားပြီး ကျန် ရေယာဉ်ပေါ်ပါ ရေယာဉ်မှူးအပါအဝင် ဝန်ထမ်း ၂၅ ဦးမှာ ရေယာဉ် နှင့်အတူ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေက ''နစ်သွားတဲ့ သင်္ဘောနဲ့ ပျောက်ဆုံးနေတဲ့သူတွေ ကိုမတွေ့သေးဘူး။ သင်္ဘောပေါ်ပါသွားတဲ့ ၂၅ ဦး၊ ခုနစ်ဦးကတော့ အသက်ရှင်လျက်နဲ့ ကုန်းပေါ်ကို ကယ်ဆယ်နိုင်တယ်။ နံနက်ပိုင်းက ကျွန်းပေါ်မှာရှိတဲ့ အဖွဲ့တွေ စက် လှေတွေနဲ့ပတ်ပြီး ကြည့်တဲ့အခါမှာ နှစ်ဦးအလောင်းကိုတွေ့တယ်။သေ နေတာ တွေ့တော့ ရှင်နေတဲ့လူပါ ဆက်ရှာရင်းတွေ့တဲ့အ လောင်းပါရေထဲ ပျောက်သွားတယ်။ ၁၈ဦးပျောက်နေတယ်။ အဲဒီထဲမှာ အလောင်းနှစ်လောင်းပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ဖေဖော်ဝါရီ ၁၁ ရက်ကပြောသည်။ လှိုင်းကြမ်းသောကြောင့် ရှာ ဖွေမှုများကို ဆက်တိုက်လုပ်၍ မရ ဘဲ ရာသီဥတုအခြေအနေကြည့်ကာ ဆောင်ရွက်နေရကြောင်း၊ ရှာဖွေ ကယ်ဆယ်မှုများ ပြီးဆုံးသွားမှသာ ပေါ့လျော့စွာ ဆောင်ရွက်သူများကို အမှုဖွင့်အရေးယူသွားရန်ရှိကြောင်း ရဲမှူးမြင့်ဝေက ပြောသည်။


အဆိုပါရေယာဉ်အမည်မှာ ဆင်ပြောင်ဖြစ်ပြီး ယင်းဗော်ယာ မ/ချ ရေယာဉ်ဆင်ပြောင်သည် ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များ၊ ရေလမ်းကြောင်း လမ်း ပြဗော်ယာများ၊ ပုံမှန်ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရခိုင်ကျွန်းပတ်ခရီးစဉ်အဖြစ် ရေယာဉ်ဝန်ထမ်း၂၄ ဦး၊ မီးပြ တိုက်ဝန်ထမ်း ကိုးဦး စုစုပေါင်း၃၃ ဦး တင်ဆောင်ကာ ဖေဖော်ဝါရီ ၇ရက် နံနက် ၁ဝ နာရီက ရန်ကုန် ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းဆင်ပြောင်ရေယာဉ်မှာ မာန်အောင်မီးပြကျွန်းသို့ ဖေဖော် ဝါရီ ၁ဝ ရက် နံနက် ၆ နာရီတွင် ရောက်ရှိခဲ့ပြီးနောက် မီးပြဝန်ထမ်း ကိုးဦးက မာန်အောင်ကျွန်း မီးပြ တိုက်ပေါ်သို့တက်၍ မီးပြတိုက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရေယာဉ်ဝန်ထမ်း ၂၄ ဦးနှင့် ဒေသခံမီးပြဝန်ထမ်း တစ်ဦး စုစုပေါင်း ၂၅ ဦးသည် ဆင်ပြောင်ရေယာဉ်ဖြင့် မာန်အောင် ကျွန်းမီးပြတိုက်နှင့် တစ်မိုင်ခွဲခန့် အကွာပင်လယ်ပြင်တွင် ကျောက် ချအခြေပြုခဲ့ကြောင်း သိရသည်။


ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ''အသက်ရှင်လွတ် မြောက်လာသူတွေရဲ့ ပြောကြားချက်အရ သူတို့က မီးပြတိုက်ပြင်ဖို့ဆို ပြီး မာန်အောင်ကနေ ထွက်လာတာ။ အားလုံးက သင်္ဘောပေါ်မှ ၂၅ ယောက်ပါတယ်။ မနေ့ညက မီးပြ တိုက်ရဲ့ မြောက်ဘက်ရေမိုင်တစ် မိုင်အကွာမှာ ကျောက်ချထားတုန်း လှိုင်းကတအားရိုက်ပြီး သင်္ဘော ဘေးဘက်ကနေ ရေတွေစိမ့်ဝင်လာ တယ်။ အဲဒီဟာကိုပြင်ဖို့ လုပ်နေ တုန်းမှာ ဒီနေ့နံနက်လေးနာရီကျော် လောက်မှာ သင်္ဘောဦးကပါပေါက် သွားပြီး ရေတွေဒလဟောဝင်လာ ပြီးမြုပ်သွားတာလို့ သိရပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ဖေဖော်ဝါရီ ၁၁ ရက်က အတည်ပြုပြောသည်။


ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် မီးပြတိုက်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့သည် ကျောက်ချထားသော ဆင်ပြောင်ရေယာဉ်၏ မီးရောင်ပျောက်နေပြီး ခရာသံ ကြားသောကြောင့် အဆက်အသွယ် လုပ်ကြည့်ရာ မရသဖြင့် ဒေသခံ လှေနှစ်စင်းဖြင့်သွားကြည့်ချိန်တွင် ဆင်ပြောင်ရေယာဉ်ကို မတွေ့ရ ဘဲ ရေထဲမျောပါနေသည့်ရေယာဉ် ဝန်ထမ်းခုနစ်ဦးကိုသာ တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ရေယာဉ်အတွင်းသို့ ရေများ အလုံးအရင်းဖြင့် ရုတ်တရက်ဝင် ရောက်လာပြီး ရေများစုပ်ယူရန် ကြိုးစားနေစဉ် နာရီဝက်ခန့်အချိန်အတွင်း ဝဲဘက်သို့စောင်းပြီးလျင် မြန်စွာနစ်မြုပ်သွားသည်ဟု ဆယ်တင်ထားသူများကို မေးမြန်းထားချက်များအရ သိရပြီးဖြစ်ရသည့် အကြောင်းရင်းကိုမူ လတ်တလောတွင် ဖော်ထုတ်နိုင်ခြင်းမရှိသေး ကြောင်းသိရသည်။ ပျောက်ဆုံးနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) တို့မှ ဒေသ ခံများနှင့် ပူးပေါင်းကာဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

TRM,WYHW,TTMT

#democracytoday

Rate this item
(0 votes)
back to top