HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း၌ တစ်ရက်တာ ငါးဖမ်းပွဲတော် ကျင်းပ

ကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း၌ တစ်ရက်တာ ငါးဖမ်းပွဲတော် ကျင်းပ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေါင်ဒင်အင်းပတ်ပတ်လည်ရှိ ကျေးရွာများမှ ပြည်သူများ၏ တစ်ရက်တာငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီမှစတင်၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါငါးဖမ်းပွဲတော်ကို တစ်နှစ်တွင် တစ်ရက်သာ ကျင်းပခဲ့ကြောင်း၊ စောစောပိုင်းနှစ်များတွင် ငါးဖမ်းပွဲတော်ကို တပေါင်း လဆန်းတွင် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ဒေါင်ဒင်အင်းရှိ ရေခန်း ခြောက်မှုအခြေအနေအရ ရက်များ ပြောင်းလဲကျင်းပခဲ့ရာ ယခုနောက်ပိုင်းနှစ်များတွင် တပို့တွဲလအတွင်း ကျင်းပခဲ့ကြကြောင်း၊ ရက်သတ် မှတ်ခြင်းကို အလှည့်ကျ ကျေးရွာ ကော်မတီများက သတ်မှတ်ပြီး ကြိုတင်ကြေညာခဲ့သဖြင့် ငါးဖမ်း ပွဲတော်ရက်တွင် ငါးဖမ်းသူများ၊ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

''ဒီအင်းနဲ့ပတ်သက်ပြီး ပြောရရင်တော့ အရင့်အရင်ကအဘိုး တွေက သေသေချာချာ တိတိကျကျ မပြောပြခဲ့တဲ့အတွက် အဘိုးတို့လည်း တိတိကျကျ မပြောနိုင်ဘူး။ နောက်ပိုင်း ဒီအင်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီရှိတယ်''ဟု အသက်(၇၂) နှစ်အရွယ်ရှိ အဘိုးဦးတင်ရှိန်က ပြောသည်။ ဒေါင်ဒင်အင်းတည်ရှိရာနေ ရာမှာ မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ငပုအင်းကျေးရွာအုပ်စု နယ်မြေတွင်ရှိပြီး ငပုအင်းကျေးရွာ အုပ်စု၊ ကျုံကွယ်ကျေးရွာအုပ်စုနှင့် ရေပူကော့စပ်ကျေးရွာအုပ်စု သုံးခုကြားတွင် တည်ရှိပြီး အကျယ် အဝန်းမှာ ၇၄ ဒသမ ၃၈ ဧက ဖြစ်ကာ အတ္ထရံမြစ်၏ ရေပေါ်ရေ လျှံကွင်းဧရိယာအတွင်း ကျရောက် သောကုန်းတွင်းပိတ်အင်းဖြစ် ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မှတ်တမ်းအရ သိရသည်။

AHO

#democracytoday

Rate this item
(0 votes)
back to top