HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်နေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့၌ လေးလမ်းသွား ဖောက်လုပ်နေ

မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်နေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့၌ လေးလမ်းသွား ဖောက်လုပ်နေ

မြဝတီ၊ ဖေဖော်ဝါရီ ၁၁ 

မကြာခဏယာဉ်တိမ်းမှောက်မှုများဖြစ် ပေါ်နေသည့် ကရင်ပြည်နယ်မြဝတီမြို့နှင့် ကော့ကရိတ်မြို့တို့ကိုဖြတ်သန်းဖောက်လုပ်ထားသော အာရှလမ်းမကြီး ကီလိုမီတာ ၁၅၈ နှင့် ၁၅၉ ကြား (ဒေသအခေါ် ကွမ်းခြံ ကွေ့) ကုန်းဆင်းနေရာ၌ နှစ်လမ်းသွားမှ လေးလမ်းသွားလမ်းအဖြစ် ပြုပြင်နေကြောင်း သိရသည်။

''ဒီနေရာမှာ ယာဉ်တိမ်းမှောက်မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် ခရီးသွားပြည်သူတွေရဲ့အသက် အန္တရာယ်ကင်းစေဖို့ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေးတတိယနေ့မှာ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ကျွန်တော်က လမ်းလွှဲတစ်ခုဖောက်လုပ်ပြီး တစ်လမ်းမောင်းစနစ်ပြုလုပ်ပေးဖို့အစီ အစဉ်ရှိ၊ မရှိနဲ့ ရှိရင်လည်း မည်သည့်ဘဏ္ဍာနှစ်မှာ စတင်ဆောင်ရွက်ပေးဖို့ သိရှိလိုကြောင်း မေးမြန်းခဲ့ရာမှာ ကရင်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်မှာ ကွင်းဆင်းတိုင်းတာမှုတွေပြုလုပ် ပြီးရင် စတင်ဖောက်လုပ်ဆောင်ရွက် ပေးသွားမယ့်အကြောင်း ဖြေကြားပေးခဲ့ပါတယ်။ အဲဒါကြောင့် အခုစတင် ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။


အဆိုပါလမ်းချဲ့ထွင်မှုကို ပြည် ထောင်စုဘတ်ဂျက်မှ ငွေကျပ် ၄ဝ၂ သန်း အကုန်ကျခံဆောင်ရွက်နေခြင်း ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုကို မေလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ''ကျွန်တော်တို့ ဆောင်ရွက် နေတာကတော့ ၁ဝ ရက်လောက်ရှိနေပါပြီ။ ကီလိုမီတာ ၁၅၈ နဲ့ ၁၅၉ ကြားပေါ့။ နှစ်လမ်းသွားကနေ လေး လမ်းသွားလမ်းမအဖြစ် တိုးချဲ့ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် မေလကုန်မှာ အပြီးသတ်မှာပါ''ဟု မြဝတီမြို့နယ်လမ်းဦးစီးဌာနမှ ဦး စီးအရာရှိ ဦးထွန်းဝင်းမြင့်က ပြော ကြားသည်။ အဆိုပါမြဝတီကော့ကရိတ် အာရှလမ်းမကြီးမှာ မြဝတီမှကော့ ကရိတ်ထိ ၂၈ မိုင် အရှည်ရှိပြီးထိုင်း နိုင်ငှံနနှညေ ကုမ္ပဏီမှ နှစ်နှစ် ကြာဖောက်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top