HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရခိုင်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

ရခိုင်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄-ရခိုင် ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအား အမြန်ဆုံးရပ် ဆိုင်းပေးရန် တိုက်တွန်းသည့်အ ဆိုကို ကျင်းပဆဲ ရခိုင်ပြည်နယ် လွှတ်တော်တွင် တင်သွင်းလိုက် ကြောင်း သိရသည်။

''ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် နှစ်ဖက်ဖြစ်ပွားနေသော လက် နက်ကိုင်တိုက်ပွဲများအားအ မြန်ဆုံးရပ်ဆိုင်းပေးရန် ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှတစ်ဆင့်ပြည် ထောင်စုအစိုးရအဖွဲ့သို့တိုက်တွန်း သည့်အဆိုအား ဖေဖော်ဝါရီ ၁၄ ရက်ကကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် ရသေ့တောင်မြို့နယ်မဲ ဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

''ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကဒီတိုက်ပွဲကို တိုက်ပါ လို့ လမ်းညွှန်ထားတာကို သတင်း စာရှင်းလင်းပွဲတွေက သိရပါတယ် တိုက်ပွဲကိုရပ်ဖို့အတွက်လည်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေ နဲ့ ညွှန်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဥပဒေဘောင် အတွင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာပါ''ဟု အဆိုရှင်ဦး ဦးသန်းနိုင်က လွှတ်တော်တွင်ပြော ဆိုသွားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများဖြစ်သည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင်နှင့် မောင်တောဒေသများ တွင် ၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလအ တွင်းမှစတင်ကာ ယခုအချိန်ထိ ရက္ခိုင့်တပ်မတော်(ဗဗ)နှင့် မြန်မာ့ တပ်မတော်တို့သည် တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားနေသည့်အ တွက် ဒေသခံပြည်သူခြောက်ထောင် ကျော်မှာ စစ်ဘေးရှောင်စခန်းများ တွင် ယာယီခိုလှုံလျက်ရှိကြောင်း သိရသည်။

အဆိုရှင် ဦးဦးသန်းနိုင်တင် သွင်းသည့်အဆိုအား မြောက်ဦး မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် အဆိုအား လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားကိုနာ ယူရာ ကန့်ကွက်သူမရှိသည့်အ တွက် ယင်းအဆိုအားကျင်းပဆဲ ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ် ကြောင်းသိရသည်။

Rate this item
(0 votes)
YMG

back to top