HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် မေးခွန်းနှင့်ပတ်သက်သည့်သိမှတ်ဖွယ်ရာများကို သင်ကြားပေး

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် မေးခွန်းနှင့်ပတ်သက်သည့်သိမှတ်ဖွယ်ရာများကို သင်ကြားပေး

မကွေး၊ ဖေဖော်ဝါရီလ ၁၄- မကွေး တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဖြေဆိုမည့်ကျောင်း သားကျောင်းသူများ အောင်ချက် မြင့်မားရေးအတွက် စာမေးပွဲမေး ခွန်းနှင့် ပတ်သက်သည့်ဗဟုသုတသိမှတ်ဖွယ်ရာများကို သင်ကြားပြသ ရှင်းလင်းပေးနေကြောင်း မကွေး တိုင်းဒေသကြီး အခြေခံပညာဦးစီး ဌာနမှ သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အခြေခံကျောင်းများမှာရှိသည့် အထက်တန်းပြဆရာ၊ ဆရာမများ မှ ကျောင်းသား ကျောင်းသူများကို သတ်မှတ် သင်ရိုးညွှန်တမ်းများအ တိုင်း သင်ကြားပြသခြင်း၊ သင်ကြား ပြသနေသည့် ဆရာ၊ ဆရာမများ ကို ဘာသာရပ်အလိုက် အဆင့်မြင့် ပညာဦးစီးဌာနမှ ဆရာဆရာမများ မှ မွမ်းမံသင်တန်းများ ပို့ချပေးခြင်း၊ ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲမေးခွန်းနှင့် ပတ်သက် သည့် ဗဟုသုတ သိမှတ်ဖွယ်ရာများ ကို ဆွေးနွေးပွဲများပြုလုပ်၍ ရှင်း ပြခြင်းများဆောင်ရွက်ခြင်း၊ စာစစ် ဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းတို့ ကို ဆောင်ရွက်ခဲ့သည်။

''၂ဝ၁၉ခုနှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲမေးခွန်းက ယခင်နှစ် ကနဲ့မတူဘဲ အနည်းငယ်ပြောင်းလဲ ပြီးမေးမယ့် အနေအထားရှိတယ်။ အဲ့ဒါကြောင့် စာမေးပွဲမေးခွန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတသိမှတ် ဖွယ်ရာတွေကို ဆွေးနွေးပွဲ ပြုလုပ် ရှင်းပြပေးနေပါတယ်''ဟု မကွေး တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ကာယကျောင်းကျန်း မာစာကြည့်တိုက်မှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။

မကွေးတိုင်းဒေသကြီး၌ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှုမရှိဘဲ သုညအဆင့် ကျောင်း ၁၆ ကျောင်းရှိခဲ့သဖြင့် အဆိုပါကျောင်းများ အောင်ချက် မြင့်မားရေးအတွက်လည်း အထက် တန်းပြ ဆရာ၊ဆရာမများ တိုးမြှင့် ချထားပေးခဲ့ပြီး၂ဝ၁၉ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း၌ တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက် ထားသူ ၈၆၉၄၇ ဦးရှိကြောင်းသိရ သည်။

Rate this item
(0 votes)
YMG

back to top