HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန်းရွှေစက်တော် ဘုရားပွဲတော်ဝင်းအတွင်း တရားမဝင် အရက်ဘီယာရောင်းချသူကို ဖမ်းဆီး အရေးယူ

မန်းရွှေစက်တော် ဘုရားပွဲတော်ဝင်းအတွင်း တရားမဝင် အရက်ဘီယာရောင်းချသူကို ဖမ်းဆီး အရေးယူ

မင်းဘူး၊ ဖေဖော်ဝါရီ ၁၉

မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ်အ တွင်းရှိ မန်းရွှေစက်တော်ဘုရား ပွဲတော်ဝင်းအတွင်း တရားမဝင် အရက်၊ ဘီယာရောင်းချသူကိုဖမ်း ဆီးအရေးယူထားကြောင်း မန်း ရွှေစက်တော်ဘုရားပွဲတော် အောက် သောင်လုံခြုံရေးရဲကင်းမှ သိရ သည်။

ဖြစ်စဉ်မှာ မန်းရွှေစက်တော် ဘုရားပွဲတော်အောက်သောင် လုံ ခြုံရေး ရဲကင်းမှူး ဒုရဲအုပ် မျိုးသက်ထွန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ရက် ည ၈နာရီခွဲက မန်းရွှေ စက်တော်ဘုရား ပွဲတော်ဝင်းအ တွင်း လေယာဉ်ကွင်းထိပ်ရှိ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်နေ ဦးခင်မောင်ညွန့် (၅၅)နှစ်၏ စား သောက်ဆိုင်တွင် အရက်၊ ဘီယာများ တရားမဝင် လိုင်စင်မဲ့ရောင်းချ နေကြောင်း သတင်းအရ သက် သေများနှင့်အတူ ဝင်ရောက် ရှာ ဖွေရာ Grand Royal  အပြာ ပုလင်းပြား ၂၆ ပုလင်း၊ Grand Royal Smooth ပုလင်းပြား ၁၁ ပုလင်း၊ Yoma ဘီယာဘူးအရှည် (အဝါ)တစ်ဘူး၊ Dagon ဘီယာဘူးတို(အစိမ်း)နှစ်ဘူး၊ စုစုပေါင်း တန်ဖိုးကျပ် ၈၆၁ဝဝအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တရား မဝင်အရက်၊ ဘီယာရောင်းချသူ ခင်မောင်ညွန့်အား မင်းဘူးမြို့နယ် စကုနယ်မြေရဲစခန်း (ပ)၂၄/၂ဝ၁၉၊ ယစ်မျိုးဥပဒေပုဒ်မ- ၃ဝ(က)အရ အရေးယူထားကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top