HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပေါင်မြို့နယ်တွင် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချနေမှုများ မည်ကဲ့သို့ အရေးယူမည်ကို လွှတ်တော်၌မေးမြန်း

ပေါင်မြို့နယ်တွင် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ  အကွက်ရိုက်ရောင်းချနေမှုများ မည်ကဲ့သို့ အရေးယူမည်ကို လွှတ်တော်၌မေးမြန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ဝ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေများအား အကွက်ရိုက်ရောင်းချနေမှု များဖြစ်ပေါ်နေသဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်မဲ ဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးမြန်းခြင်းဖြစ်သည်။

''တချို့မြို့နယ် လယ်စီနဲ့ ကျေးရွာလယ်စီတွေဟာ လယ်ယာ မြေအကွက်ရိုက်ရောင်းနေတာကို ကိုယ့်တာဝန်အရတားမြစ်ရမယ့် လုပ်ငန်းတွေကို မဆောင်ရွက်တဲ့ မြို့နယ်လယ်စီတွေနဲ့ ကျေးရွာလယ် စီတွေကို မွန်ပြည်နယ်အစိုးရအနေ နဲ့ ဘယ်လိုအရေးတယူဆောင်ရွက်သွားမလဲဆိုတာကိုသိချင်လို့မေး မြန်းတာဖြစ်ပါတယ်။ ပေါင်မြို့နယ် အတွင်း ဥတ္တံတားကျေးရွာ၊ ဆားဒိုရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ထန်းပင်ချောင်ကြီးကျေးရွာ၊ ကတွန် ကျေးရွာ၊ မုတ္တမ-ကျွဲခြံကျေးရွာ၊ ကျုံကကျေးရွာ၊ ကျခတ်ငူကျေးရွာ၊ နတ်ကြီးချောင်ကျေးရွာတွေမှာ ကျူးလွန်ဆောင်ရွက်နေတာကို စိစစ်တွေ့ရှိရပါတယ်'' ဟု ၎င်းက ပြောသည်။

 

ကျေးရွာလယ်စီအဖွဲ့နှင့် မြို့နယ်လယ်စီအဖွဲ့မှာ ပါဝင်သည့် ဌာနဆိုင်ရာဝန်ထမ်းများကို နိုင်ငံဝန်ထမ်းဥပဒေနှင့်အညီ အရေးယူ မည်ဖြစ်ပြီး၊ အရပ်သားများကိုမူ အုပ်ချုပ်ရေးဆိုင်ရာဥပဒေနှင့်အညီ တာဝန်ပျက်ကွက်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။


''ကျွန်မတို့ ပေါင်မြို့နယ်မှာ လွန်ခဲ့တဲ့နှစ် ဟိုဘက်အစိုးရ လက်ထက်ကတည်းက လယ်ယာ မြေကို အကွက်ရိုက်ရောင်းနေ ကြတယ်။ အရေးယူမယ်လို့ပြော နေကြပေမယ့် အရေးယူတာမတွေ့ရဘူး။ အခုအချိန်မှာ လယ်ယာမြေ ကိုခွင့်ပြုချက်မရှိဘဲအကွက်ရိုက် ရောင်းတာတွေ ပိုမိုများပြားလာ ပြီး ဝယ်တဲ့သူတွေလည်းပိုများလာတယ်''ဟု ပေါင်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။ 

AHO

#democracytoday

Rate this item
(0 votes)
back to top