HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လုပ်ငန်းခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ

မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လုပ်ငန်းခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ

မင်းတုန်း၊ ဖေဖော်ဝါရီ ၂ဝ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းစတုတ္ထ နှစ်စက်ဝန်းဖြင့် လုပ်ငန်းခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လူထုဗဟိုပြုစီမံကိန်း (CDD) စတုတ္ထနှစ်စက်ဝန်းဖြင့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်း ခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

''လူထုဗဟိုပြုစီမံကိန်း (CDD) စတုတ္ထနှစ်စက်ဝန်းဖြင့် မင်းတုန်းမြို့နယ်မှာ ဆောင်ရွက်နေတာ ခုဆိုရင် လုပ်ငန်းခွဲ ၁၁ ခု ပြီး စီးနေပြီ''ဟု မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံဦးဝင်းသူရကဆိုသည်။ အဆိုပါ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် လမ်းလုပ်ငန်း ၅၁ ခု၊ တံတားလုပ်ငန်း ငါး ခု၊ ရေပေးရေးလုပ်ငန်း ၂၃ ခု၊ မီး လင်းရေးလုပ်ငန်း ၇၂ ခု၊ စာသင် ကျောင်းဆောင်ဆောက်လုပ်ခြင်း လုပ်ငန်း ၁ဝ ခု၊ ဘက်စုံသုံးခန်းမ ၁၆ ခု၊ မြေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်း ခုနစ်ခုတို့ကို ဆောင် ရွက်လျက်ရှိရာ ယခုအခါ လမ်းလုပ်ငန်းခုနစ်ခု၊ ရေပေးရေးလုပ်ငန်း တစ်ခု၊ မီးလင်းရေးလုပ်ငန်း သုံး ခု ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။


လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူး ပေါင်း၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှစတင်၍ မင်းတုန်းမြို့နယ်အ တွင်းရှိ ကျေးရွာအားလုံးတွင် အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးရွာအားလုံး၌ စီမံကိန်းတတိယနှစ်စက်ဝန်းတွင် အဓိ ကအခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းခွဲ ၄၈ဝ ကို စီမံကိန်း ထောက်ပံ့ငွေနှင့် ပြည်သူ့ထည့်ဝင် ငွေအပါအဝင် စုစုပေါင်းငွေကျပ် ၄၇၉၅ ဒသမ ၈၅၉၄၅၇ သန်းဖြင့် နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ် မှုတို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် အောင်မြင်အောင် အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းတုန်းမြို့နယ် အဆိုပါဦးစီးဌာန မှ သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top