HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သံလွင်တံတား (မော်လမြိုင်)ပေါ်တွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ

သံလွင်တံတား (မော်လမြိုင်)ပေါ်တွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မွန် ပြည်နယ် မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်ရှိ သံလွင်တံတား (မော်လမြိုင်)ပေါ်တွင် မော်တော်ယာဉ် နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြကြောင်း မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မုတ္တမဘက်မှ မော်လမြိုင်မြို့သို့ ဖေဖော်ဝါရီ ၂၁ ရက် ည ၈နာရီခန့်က ယာဉ်မောင်း ဖြိုးအောင် (၂၆)နှစ်၊ ကျိုက်မရော မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 1P/---- တိုယိုတာ တောင်းအေ့စ်အမျိုးအစား အဖြူ ရောင်ယာဉ်သည် မိမိလမ်းအတိုင်း မောင်းနှင်လာစဉ် သံလွင်တံတား RP- 17  နှင့် 18 အကြားအရောက်တွင် တစ်ဖက်ယာဉ်ကြောမှ ကျော်တက်လာသော ယာဉ်မောင်း နိုင်လင်းထိုက် (၂၆)နှစ်၊ ပေါင်မြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 6K/---- မစ်ဆူဘီရှီဖူဆို အမျိုးအစား (အပြာ/မီးခိုး)ရောင် ကုန်တင်ကားကြီးက မျက်နှာချင်းဆိုင်မှဝင်တိုက်ခြင်းကြောင့် ကုန်တင်ကားကြီးမှာ လည်သွားပြီး တံတား ပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားကြောင်း၊ တောင်းအေ့စ်ကားပေါ်တွင် လိုက်ပါစီးနင်းလာသော ကျိုက်မရောမြို့နယ် ကရာလိုကျေး ရွာနေသူများဖြစ်သည့် မဇင်ရတနာဝင်း (၂၂)နှစ်၊ မဌေးဌေးလှိုင် (၁၈) နှစ်၊ မရွှေဇင်သက် (၁၉)နှစ်၊ မောင် မွန်ချမ်း (၁၄)နှစ်၊ မောင်ကျော်မျိုးဝင်း (၁၈)နှစ်၊ မဝါဝါလှိုင် (၁၇)နှစ်၊ မဝု (၁၉)နှစ်တို့ ဒဏ်ရာရရှိပြီး ၎င်းတို့ အား မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသထားကာ ဒဏ်ရာများမှာ မစိုးရိမ်ရဟု ရဲမှတ်တမ်းအရ သိရှိ ရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာအနာတရ ရရှိအောင် မော်တော် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ နိုင်လင်းထိုက်အား ဒိုင်းဝန်ကွင်း ရဲစခန်းမှ ယာဉ်(ပ)၆/၂ဝ၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မော်လမြိုင်ဘက်ကနေ မုတ္တမဘက်ကိုသွားတဲ့ ကုန်တင်နဲ့ မုတ္တမဘက်ကနေ မော်လမြိုင်ဘက်ကို လာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတယ်။ မော်လမြိုင်ဘက်က မုတ္တမဘက်ကိုသွားတဲ့ ကုန်တင်ကားဟာ သူ့အရှေ့က ကားတစ်စီးကို ကျော်တက်ပြီးတော့ တစ်ဖက် ယာဉ်ကြောက သူ့လမ်းအတိုင်းလာနေတဲ့ ကားနဲ့ အရှိန်မထိန်းနိုင်ဘဲ မတော်တဆတိုက်မိတာပါ။ ကံကောင်းတာက ကလေးတွေ ဒဏ်ရာအကြီးအကျယ်မရတာပဲ။ ကုန်ကားမောင်းတဲ့ ယာဉ်မောင်းက တော့ ထွက်ပြေးသွားပြီ။ ဒါပေမဲ့ ရဲတွေကတော့ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါ တယ်။ သံလွင်တံတားတော့ နာရီဝက်လောက် လမ်းပိတ်သွားတယ်'' ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

AHO

#democracytoday

Rate this item
(0 votes)
back to top