HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ငါးပူတင်း ငါးကြော် စားသည့်မိသားစု အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံး၊ လေးဦး ဆေးရုံတင်ထားရ

ငါးပူတင်း ငါးကြော် စားသည့်မိသားစု အစာအဆိပ်သင့်ပြီး ကလေးနှစ်ဦးသေဆုံး၊ လေးဦး ဆေးရုံတင်ထားရ

ပုသိမ်၊ မတ် ၁၂

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာမှ မိသားစုတစ်စုသည် မတ် ၁၁ ရက်နေ့လယ်ပိုင်းက ငါးပူတင်းငါးကို ကြော်စားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကာ ကလေးနှစ်ဦးသေဆုံးပြီး ကျန်မိသားစုဝင်လေးဦးကို ဆေးရုံသို့ပို့ ဆောင်ထားရကြောင်း ဘုန်းကြီး ကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ငါးပူတင်းငါးစား၍ အစာအဆိပ်သင့်ခဲ့သောမိသားစုများသည် ဘုန်းကြီးကုန်းကျေးရွာ ရွာမအ နောက်ဘက်လယ်ကွင်းအတွင်း နေထိုင်၍ လယ်အငှားလုပ်ကိုင် ကြသူများဖြစ်ပြီး အစာအဆိပ်သင့် မှုဖြစ်ပွားကာ သေဆုံးခဲ့သည့် ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ စောဂျင်းဘတ်(၄၂)နှစ်မှာ ပိုက်ဘဝန်း ခေါ် ပိုက်ပိတ်စားသူဖြစ်ပြီး ၎င်းသည် မတ် ၁၁ ရက် နံနက်က ပိုက်ပိတ်ရင်းမှ ငါးပူတင်းအစိမ်းကြား ရှစ်ကောင် ဖမ်းဆီးရမိခဲ့ရာတွင် ခေါင်းဖြတ်၍ ကြော်စားခဲ့ကြပြီး နောက် တဲအတွင်း မူးဝေအော့ အန်နေကြသည်ကို အခြားတဲတွင် နေထိုင်သူများက တွေ့ရှိခဲ့သည့်အတွက် ဘုန်းကြီးကုန်း ရွာမကျန်းမာရေးဆေးခန်းသို့ ပို့ဆောင် ပေးခဲ့ကြခြင်းဖြစ်သည်။

 

''ကျေးရွာဆေးခန်းကိုရောက်လာတော့ မွန်းတည့် ၁၂ နာရီ လောက်ရှိနေပြီ။ စားတာကတော့ နံနက် ၉ နာရီလောက်ကလို့ပြောတယ်။ ကလေးနှစ်ယောက်က ဆေး ခန်းရောက်တာနဲ့ ဆုံးသွားတယ်။ ကျန်းမာရေးဆရာမကလည်းရှိတဲ့ ဆေးလေးတွေနဲ့ ထိန်းထားပြီး လပွတ္တာသုံးမိုင်ဆေးရုံကို ဆရာမ ကိုယ်တိုင်လိုက်ပို့တာ၊ ရွာကနေပြီး စက်လှေနဲ့ လေးနာရီလောက်မောင်းရတယ်''ဟု ဘုန်းကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနိုင်က ပြောသည်။


ငါးပူတင်းငါးစား၍ အစာအဆိပ်သင့်မှုကြောင့် စောနိုဘယ်ထူး (၁၂)နှစ်နှင့် စောအယ်ခရစ်မူး (၅) နှစ်တို့မှာ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ စောဂျင်းဘတ်(၄၂)နှစ်၊ မိခင်နော်စာဆေး(၃၉)နှစ်၊ နော်စာမူနာ (၁၆)နှစ်နှင့်၊ စောဖောဘလူမူး (၇) နှစ်တို့ကို သုံးမိုင်ဆေးရုံသို့ပို့ဆောင် ဆေးဝါးကုသမှုခံနေရာ မတ် ၁၂ ရက်သတင်းအရ လူနာအားလုံး အခြေအနေကောင်းမွန်ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လပွတ္တာ မြို့နယ် ကန်ဘဲ့နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၉ ဖြင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

MM

#democracytoday

Rate this item
(0 votes)
back to top