HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မုံရွာတွင် ချင်းတွင်းသင်္ကြန်နှင့် ရိုးရာသင်္ကြန် နှစ်ခုစလုံးကို တိုင်းဒေသကြီးအစိုးရ ဦးဆောင် ကျင်းပမည်

မုံရွာတွင် ချင်းတွင်းသင်္ကြန်နှင့် ရိုးရာသင်္ကြန် နှစ်ခုစလုံးကို တိုင်းဒေသကြီးအစိုးရ ဦးဆောင် ကျင်းပမည်

မုံရွာ၊ မတ် ၁၂

ယခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ၌ ချင်းတွင်းသင်္ကြန်နှင့် ရိုးရာသင်္ကြန် နှစ်ခုစလုံးကို တိုင်းဒေသကြီးအစိုးရမှ ဦးဆောင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြား သည်။

ချင်းတွင်းသင်္ကြန်ကို ယမန်နှစ်ကကျင်းပခဲ့သည့် ချင်းတွင်း မြစ်သဲသောင်ပြင်တွင်လည်းကောင်း၊ ရိုးရာလမ်းလျှောက် သင်္ကြန်ကို မုံရွာမြို့လယ် ကန်သာယာပတ်လည်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်ပွဲဖြစ်မြောက် ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အရပ်ဘက်အဖွဲ့များ၊ မြို့မိ၊ မြို့ဖများ တွေ့ဆုံညှိနှိုင်းခြင်းကို မတ် ၁၁ ရက် နေ့လယ်ပိုင်းကခရိုင် စီမံခန့်ခွဲမှုရုံး၌ ကျင်းပခဲ့ကြသည်။ ''မြို့ထဲက သင်္ကြန်မဏ္ဍပ်တွေကို မဖြစ်မနေထွက်ရမယ်လို့ အမိန့် ညွှန်ကြားစာထုတ်မှာ မဟုတ်ပါဘူး။ မိမိအစီအစဉ်နဲ့ထွက်တဲ့ မဏ္ဍပ်တွေကိုလည်း ထိုက်သင့်တဲ့ ကူညီမှုတွေပေးမယ်''ဟု တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောကြားသည်။


ယမန်နှစ်က ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ချင်းတွင်းသင်္ကြန် ကျင်းပခြင်းအား ဝေဖန်မှုများရှိခဲ့ သော်လည်း ယခုနှစ်တွင် မြို့ခံလူထု၏ တောင်းဆိုချက်အရ မြို့တွင်း၌လည်း လူစည်ကားစေရန် ရိုးရာမပျက်သင်္ကြန်မဏ္ဍပ်များ ကျင်းပစေခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ချင်းတွင်းသင်္ကြန် ကျင်းပရန်အတွက် သောင်ပြင်၌ မြေနေရာရွေးချယ်မှုသာ ပြုလုပ် နေပြီး အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်နိုင်ခြင်းမရှိသေး ကြောင်း၊ ဗဟိုမဏ္ဍပ်အား သောင် ပြင်တွင်မထားတော့ဘဲ နှစ်စဉ်ပြုလုပ်နေကျ မြို့တော်ခန်းမရှေ့၌ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top