HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သင်္ကြန်ကာလအတွင်း မန္တလေးကျုံးအရှေ့မြောက်ထောင့်ရှိ သတ္တဌာနကို ပိတ်ထားမည်

သင်္ကြန်ကာလအတွင်း မန္တလေးကျုံးအရှေ့မြောက်ထောင့်ရှိ သတ္တဌာနကို ပိတ်ထားမည်

မန္တလေး၊ မတ် ၁၂

မန္တလေး အောင်မြေသာစံမြို့နယ် ကျုံးအ ရှေ့ဘက်၊ ၁၂ လမ်းနှင့် ၆၆ လမ်း ထောင့် တောင်ခြေရှိ သတ္တဌာနခုနှစ်ခုအနက် သုဓမ္မာဇရပ်တော်၊ မဟာပဋ္ဌာန်းဟော ရွှေသိမ်တော်နှင့် ပိဋကတ်တိုက်တော်တို့ကို သင်္ကြန်ကာလအတွင်း ပိတ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''သင်္ကြန်ကာလအတွင်းမှာ အရမ်းစည်ကားတဲ့အတွက် သုဓမ္မာဇရပ်တော်၊ မဟာပဋ္ဌာန်းဟော ရွှေသိမ်တော်နဲ့ ပိဋကတ်တိုက် တော်တွေကို ပိတ်ထားမှာပါ။ ဘာ ကြောင့်လဲဆိုတော့ သင်္ကြန်ကာလအတွင်း လာရောက်အပန်းဖြေတဲ့ သူတွေရဲ့ စည်းကမ်းမဲ့လုပ်ဆောင်တာတွေ မရှိစေဖို့၊ ဒီအဆောက်အအုံတွေ ပျက်စီးယိုယွင်းမှုမရှိစေဖို့နဲ့ သန့်ရှင်းသပ်ရပ်စေဖို့ လိုအပ်တဲ့အတွက်ကြောင့်ပါ'' ဟု ကျောက် တော်ကြီးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

 

စစ်အတွင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သည့် မန္တလေးမြို့တည် နန်းတည် သတ္တဌာန ခုနှစ်ခုတွင်ပါဝင်သော သုဓမ္မာဇရပ်တော်၊ မဟာပဋ္ဌာန်းဟော ရွှေသိမ်တော်၊ ပိဋကတ်တိုက်တော်နှင့် အခြားသာသနိက အဆောက်အအုံများကို အလှူရှင် မန်းမြေရာဇာကုမ္ပဏီမိသားစု သီရိသုဓမ္မမဏိ ဇောတဓရ ဒေါက်တာသုဓမ္မာဦးကျော်ဝင်းနှင့်ဇနီး သုဓမ္မင်္သိဂီ ဒေါ်မြင့်မြင့်သန်းတို့က ငွေကျပ်သိန်းပေါင်း ငါးသောင်း ကျော်အကုန်အကျခံ တည်ဆောက် ပေးခဲ့ပြီး ၂ဝ၁၅ခုနှစ်၊ မတ် ၂၉ ရက်တွင်ရေစက်ချလှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်မှစတင်ပြီး အဆိုပါ နေရာများကို နှစ်စဉ် သင်္ကြန်ကာလအတွင်း ပိတ်ထားခဲ့ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

MTK

#democracytoday

Rate this item
(0 votes)
back to top