HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂါလီများ ဖမ်းဆီးရမိ

မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂါလီများ ဖမ်းဆီးရမိ

မြဝတီ၊ မတ် ၁၃

မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် တစ်ဖက်နိုင်ငံသို့တရားမဝင်သွားရောက်မည့်ဘင်္ဂါလီများ အားနယ်မြေခံရဲတပ်ဖွဲ့မှ ဖမ်းဆီးရ မိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ ဦးမျိုးမင်း (ခ) နူရ်အာလမ်၏နေအိမ်တွင်မတ် ၁၂ ရက် ညနေ ၅ နာရီကမသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးများရောက်ရှိနေကြောင်း သတင်းအရ မြဝတီခရိုင် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး အောင်နိုင်ထွန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဒုတိယညွှန်ကြား ရေးမှူးအောင်ခိုင်ဆွေနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးမျိုးမင်း(ခ)နူရ်အာလမ်၏ နေအိမ်အောက်ထပ်တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဆင်ကြီးပြင်ရွာနေ မိုဟာမက်ရော်ဟိတ်၊ ရခိုင် ပြည်နယ် မင်းပြားမြို့နယ် စေးစူ ဒင်ရွာနေ မိုဟာမက်တာမောင်၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဖိုးတစ်လုံးရွာနေ ရှော်ရီဟူမောင်နှင့် ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ဆင်ကြီးပြင်ရွာမှ အဒူရှကူးပါ ကိုးဦးတို့ကို တစ်ဖက်နိုင်ငံသို့ တရားမဝင်ဖြတ်ကူးဝင်ရောက်ရန် စီစဉ်နေကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် အိမ်ရှင်ဖြစ်သူ ဦးမျိုးမင်း (ခ) နူရ်အာလမ် (၄ဝ)နှစ်နှင့်အတူ ဖမ်းဆီးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းတွင် အသေးစိတ် စစ်ဆေးလျက်ရှိကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top