HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပဉ္စမအကြိမ်မြောက် မြန်မာ့ သရက်သီးပွဲတော် (၂ဝ၁၉) မန္တလေးမြို့၌ ကျင်းပမည်

ပဉ္စမအကြိမ်မြောက် မြန်မာ့ သရက်သီးပွဲတော် (၂ဝ၁၉) မန္တလေးမြို့၌ ကျင်းပမည်

မန္တလေး ၊ မတ် ၁၃

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းနှင့် မြန်မာနိုင်ငံသရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (မန္တလေးတိုင်း ဒေသကြီး)တို့က ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် (၂ဝ၁၉) ပြပွဲ၊ ပြိုင်ပွဲကို မေ ၁၁ နှင့်၁၂ ရက်များတွင် မန္တလေးမြို့ ၅၃လမ်း၊ ၃၇ လမ်းရှိ Hotel Hazel ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သရက်သီးအမျိုးပေါင်း ၂ဝဝ ထွက်ရှိသည့်အတွက် ပြည်တွင်းထွက် သရက်သီးများ ခိုင်မာသည့်ဈေးကွက်ရရှိစေရန်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သည်များကို ယခုပြပွဲတွင် ဖိတ်ကြားထားပြီး ပြည်တွင်းသရက်သီးမျိုးစုံပြသနိုင်ရန် ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။


သရက်သီးပြိုင်ပွဲတွင် စိန်တလုံး၊မြကျောက်၊ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ အခြားသရက် (ပြည်တွင်း) အခြားသရက် (ပြည်ပ) အဖြစ်ပြိုင်ပွဲခုနစ်မျိုးကျင်း ပမည်ဖြစ်ရာ ပြိုင်ပွဲမှဆုရသူများကိုလည်း ပထမ နှစ်သိန်း၊ ဒုတိယ တစ်သိန်းခွဲ၊တတိယ တစ်သိန်းနှင့် နှစ်သိမ့်ဆုများအား ကျပ်ငါးသောင်း စီချီးမြှင့်မည် ဖြစ်သည်။


''မြန်မာ့သရက်သီးမျိုးစုံကို တစ်နေရာတည်းမှာလေ့လာနိုင်မယ်။ ပျိုးပင်တွေ၊ သရက်သီးတန် ဖိုးမြင့်ထုတ်ကုန်တွေ၊ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်တွေ ပါဝင်ပြသသွားမယ်။စုစုပေါင်းပြခန်း ၅ဝ ကျော်က မြန်မာ့သရက်သီးတွေ၊ သရက်သီးတန်ဖိုးမြင့်ထုတ်လုပ်ပုံ လုပ်ငန်းစဉ်ပြခန်းတွေ ပါဝင်ပြသ သွားကြမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံသရက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအစုအဖွဲ့ (မန္တလေး တိုင်းဒေသကြီး) ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောကြားသည်။


ပွဲတော်ကာလအတွင်း စိုက်ပျိုးရေးပညာရှင်များ၏ ဆွေးနွေး ဟောပြောပွဲများပါဝင်မည်ဖြစ်ပြီး ပွဲတော်ရက်များတွင် တရုတ်၊ စင်ကာပူ၊အစ္စရေး၊ထိုင်ဝမ်နှင့်အိန္ဒိယနိုင်ငံများမှ ကုန်သည်များနှင့် သံတမန်များအား မြနဒီသရက်ခြံ (မြစ်သား)၊ ရိပ်သိမ်းချိန်လွန် နည်းပညာသရက်ခြံ (ထုံးဘို) နှင့် ဟန်မြင့်မိုရှိ ဦးမောင်အေး၏ သရက်ခြံများ၌ စနစ်တကျစိုက်ပျိုးထားရှိမှုများကို ဖိတ်ခေါ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top