HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း အဝတ်အထည် အမှတ်တရ ပစ္စည်းအရောင်းဆိုင်မှ အရက်ဘီယာများ ဖမ်းမိ

မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း အဝတ်အထည် အမှတ်တရ ပစ္စည်းအရောင်းဆိုင်မှ အရက်ဘီယာများ ဖမ်းမိ

မင်းဘူး၊ မတ် ၁၃

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေ စက်တော်ဘုရားပွဲကြီးတွင် အရက်ဘီယာရောင်းချခြင်းမပြုရန် တား မြစ်ချက်ထုတ်ပြန်ထားသော်လည်း ပျံကျဈေးတန်းရှိ အဝတ်အထည် အမှတ်တရပစ္စည်းအရောင်းဆိုင်မှ အရက်ဘီယာများ တွေ့ရှိဖမ်းဆီးရမိကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရားပွဲ အထက်သောင်ပြင် ပျံကျ ဈေးတန်းရှိ မင်းမင်းအဝတ်အထည် အမှတ်တရပစ္စည်း အရောင်းဆိုင်က အရက်ဘီယာ တရားမဝင်ရောင်းချနေကြောင်း သတင်းအရ မတ် ၁၂ ရက် ည ၈ နာရီခန့်က မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၊ ဘုရားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ မန်းရွှေစက်တော်ဘုရား အရန်မီးသတ်တပ်ဖွဲ့၊ မန်း ရွှေစက်တော်ဘုရားပွဲတော်ရဲကင်း စခန်းမှတပ်ဖွဲ့ဝင်များဖြင့် သွား ရောက်ရှာဖွေရာ အဆိုပါဆိုင်မှ Grand Royal Smooth ၂၇ ပြား တန်ဖိုးငွေ ကျပ် ၅၄ဝဝဝ၊ Grand Royal Signaluse တစ်ပြား တန်ဖိုး ကျပ် ၃ဝဝဝ၊ Dagon Beer ပုလင်း ၁၁ လုံးတန်ဖိုးကျပ် ၁၄၃ဝဝ၊ Myanmar Beer  ပုလင်း ၁၃ လုံး တန်ဖိုးကျပ် ၂၆ဝဝဝ၊ Myanmar Beer သံဘူးနှစ်ဘူးတန်ဖိုးကျပ် ၃ဝဝဝ တို့ကို တွေ့ရှိ၍ ဖမ်းဆီးသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။


ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်တွင် လက်ရှိအချိန်ထိ တရားမဝင်အရက်ဘီယာ ရောင်းချသည့်ဆိုင် လေးဆိုင်မြောက်အထိ ဖမ်းဆီးအရေးယူထားပြီး အရက်ဘီယာရောင်းချသူများကိုယစ်မျိုး ဥပဒေပုဒ်မ-၃ဝ(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စကုမြို့မရဲစခန်းမှ သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top