HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပုသိမ်ကြီး၌ လျှပ်စစ်ဒယ်အိုးဖြင့် ဟင်းတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်၊ နေအိမ် ၁၈ လုံးဆုံးရှုံး

ပုသိမ်ကြီး၌ လျှပ်စစ်ဒယ်အိုးဖြင့် ဟင်းတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်၊ နေအိမ် ၁၈ လုံးဆုံးရှုံး

ပုသိမ်ကြီး၊ မတ် ၁၄

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ နေအိမ်တစ်ခုတွင် မတ် ၁၄ရက် မွန်းလွဲ ၁၂နာရီ မိနစ် ၂ဝက နေအိမ်ဝါးထရံအနီး လျှပ်စစ်ဒယ်နီအိုး ဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၈လုံး မီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ သမ္မတောကျေးရွာနေ ပိုင်ရှင်ဦး----၏ ပေ ၂ဝပတ်လည် သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်အတွင်း ဝါးထရံအနီး လျှပ်စစ်ဒယ်နီအိုးဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ ဒယ်နီအိုးအပူလွန်ကဲပြီး ဝါးထရံသို့ မီး ကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။  ''မီးသတင်းကြားကြားချင်း သွားရောက်ငြှိမ်းသတ်ခဲ့တယ်။ ရွာရဲ့အတွင်းလမ်းကြားထဲဆို တော့ လမ်းကလည်း ကျဉ်းတော့ မီးသတ်ကား ဝင်၊ ထွက်ရတာ ခက်ခဲခဲ့တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး မီးငြှိမ်းသတ်နိုင်ဖို့ကြိုးစားခဲ့တယ်။ နွေရာသီရောက်ပြီမို့ ပြည်သူတွေအနေနဲ့ မီးကိုသတိပြုသုံးစွဲကြစေလိုပါတယ်''ဟု ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦး စီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်အစီး ၄ဝ၊ အုပ် ချုပ်မှုယာဉ် သုံးစီး၊ မီးသတ်ရေ သယ်ယာဉ် ၁ဝစီး၊ သန္ဓေမီးသတ် ၇ဝ၊ အရန်မီးသတ် ၁၅ဝတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် လုံးဝငြှိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ပေ ၂ဝပတ်လည် သွပ်မိုး၊ နံကပ် နှစ်ထပ်နေအိမ် သုံးလုံး၊ ပေ ၂ဝပတ်လည် သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ် ရှစ်လုံး၊ ၁ဝပေ ပတ်လည် သွပ်မိုး၊ ထရံကာ နှစ် ထပ်နေအိမ် နှစ်လုံး၊ ပေ ၂ဝ ပတ်လည်သွပ်မိုး၊ ထရံကာ တစ် ထပ်နေအိမ် သုံးလုံး၊ (၁၅x၁၅) ပေ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ်တစ်လုံး၊ (၁ဝx၁၂)ပေ သွပ် မိုး၊ ထရံကာ တစ်ထပ်နေအိမ်တစ် လုံး၊ စုစုပေါင်းနေအိမ် ၁၈လုံး တန်ဖိုး ငွေကျပ် ၅၉၂၈ဝဝဝကျပ် ခန့်နှင့် အတွင်းပစ္စည်းများ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂ဝဝဝဝဝဝ ခန့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၂၈ဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ ပြီး မီးဘေးဒုက္ခသည်အဖြစ် အိမ် ထောင်စု ၁၈စု၊ အမျိုးသား ၃၉ဦး၊ အမျိုးသမီး ၃၄ဦး၊ စုစုပေါင်း ၇၃ဦး တို့မှာ မီးဘေးသင့်ခဲ့ပြီး ကျေးရွာ မူလတန်းကျောင်းတွင် ယာယီဒုက္ခ သည်စခန်းဖွင့်လှစ် ထားရှိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင် ဦး---အား ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်းမှ (ပ) ၇ဝ/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

MTK

#democracytoday

 

Rate this item
(0 votes)
back to top