HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ - ထိုင်းအမှတ်(၂) တံတားကြီး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေ၊ မတ် ၁၉ ရက်တွင် ဖွင့်လှစ်မည်

မြန်မာ - ထိုင်းအမှတ်(၂) တံတားကြီး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေ၊ မတ် ၁၉ ရက်တွင် ဖွင့်လှစ်မည်

မြဝတီ၊ မတ် ၁၄ 

မြန်မာ-ထိုင်း နှစ်နိုင်ငံကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၂)တံတား ကြီး တည်ဆောက်မှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည့်အတွက် မတ် ၁၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတံတားကြီးကို မတ် ၁၉ ရက်တွင် နိုင်ငံတော်အဆင့် အကြီးကဲများ လာရောက်ဖွင့်လှစ် မည်ဖြစ်သည့်အတွက် မတ် ၁၃ ရက် နံနက်ပိုင်းတွင် ကရင်ပြည် နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့် လာရောက်ကြည့်ရှုပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

''အခုတံတားကြီးက ၁ဝဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ မတ် ၁၉ ရက်မှာဖွင့်လှစ်မှာပါ။ တံတားကြီးနဲ့ အာရှလမ်းမကြီးက ၃ဒသမ ၈၉၃ ကီလိုမီတာကွာဝေးပြီး၊ အဲဒီအကွာ အဝေးကို နိုင်လွန်ကတ္တရာခင်းပြီး အပြီးသတ် ဖောက်လုပ်နေတာဟာ နောက်သုံးရက်ဆိုပြီးပါပြီ။ တံတား ကြီးနဲ့ချိတ်ဆက်မယ့် အာရှလမ်းမ ကြီးလမ်းဆုံ ကြက်လျှာစွန်းနေရာလမ်းသားတွေကိုလည်း နိုင်လွန် ကတ္တရာခင်းပြီး အချောထည် ဆောင်ရွက်နေပါတယ်။ လမ်းက လေးလမ်းသွားလမ်းမကြီးဖြစ်ပြီးထိုင်းအင်ဂျင်နီယာတွေ ကိုယ်တိုင် စက်ယန္တရားကြီးတွေနဲ့ ဖောက်လုပ် နေတာဖြစ်တဲ့အတွက် အခုရက် ပိုင်းအတွင်း ပြီးစီးမှာဖြစ်ပါတယ်''ဟု မြဝတီခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


အဆိုပါမြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားကြီး အား၂ဝ၁၅ခုနှစ် သြဂုတ် ၃ဝ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ ချဉ်းကပ်လမ်းအ ပါအဝင်၂၁ ဒသမ ၄ဝ ကီလိုမီတာ၊ တံတားအကျယ်မှာ ၁၇မီတာရှိ ကာ တံတားတည်ဆောက်မှုစုစု ပေါင်း ကုန်ကျငွေမှာ ထိုင်းဘတ် ငွေ ၃ဝ၅၄ သန်းဖြစ်ကြောင်း သိရသည်၊

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top