HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မုံရွာမြို့ရှိ ဂျပန် စစ်သင်္ချိုင်းဟောင်းသို့ ဂျပန်လူမျိုးများ လာရောက်လေ့လာ

မုံရွာမြို့ရှိ ဂျပန် စစ်သင်္ချိုင်းဟောင်းသို့ ဂျပန်လူမျိုးများ လာရောက်လေ့လာ

မုံရွာ၊ မတ် ၁၄ 

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက် နယ်မြေ(၃) ဗေဒါလမ်း မြောက် ပိုင်းရှိ ဂျပန်စစ်သင်္ချိုင်းဟောင်းသို့ ဂျပန်လူမျိုးများ လာရောက်ကန် တော့မှု ပြန်များလာကြောင်း စကား ပြန်အ ဖြစ် လိုက်လံဆောင်ရွက် ပေးရသူ မြို့သစ်ရပ်ကွက် f Heisei Janpanese Language School မှ ဆရာဦးခင်မောင်ဆန်းက ပြော ကြားသည်။ အဆိုပါ သင်္ချိုင်းဟောင်းသည် ယခင်က အမှိုက်ပုံကြားတွင်ရောက် နေပြီး ယခုအခါ ဂျပန်ခရီးသွားများ အားဆွဲဆောင်နိုင်စေရန် စည်ပင် သာယာဌာနမှ ခြံစည်းရိုးခတ်၍ ပြုပြင်ရှင်းလင်း ဆောင်ရွက်ထား ခြင်းဖြစ်သည်။

'' အလာကျဲသွားတာကြာပြီ၊ အရင်က စစ်ပြန်ဟောင်း မိသားစု ဝင်တွေ လာကန်တော့ကြတယ်၊ ဒီနှစ်ထဲမှာကို လေးယောက်ရှိပြီ'' ဟု ဦးခင်မောင်ဆန်းက ပြောကြားသည်။ အဆိုပါ သင်္ချိုင်းမှာဒုတိယ ကမ္ဘာ့စစ်အတွင်းက ဂျပန်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးမှ အိန္ဒိယနိုင်ငံအင်ဖာမြို့သို့ စစ်ကြောင်း ဆုတ်ရာလမ်းကြောင်းတစ်လျှောက် ၌ ကျဆုံးခဲ့သောစစ်သူရဲကောင်း ၃၇ ဦး၏ အမည်ထိုးထားသော ထင်းရှူးသား ကမ္ပည်းများထည့် သွင်းထားသောအုတ်ဂူများဖြစ်သည်။


ကျောက်တိုင်များတွင် ဂျပန်ဘာသာဖြင့် အိရဲဟိ (သေသောသူများကို ဂါရဝပြု အုတ်ဂူ)၊ ရှင်းကွန်း (ဝိညာဉ်များတည်ရှိရာ) စသော ကျောက်တိုင်လေးခုနှင့် အဆိုပါ စစ်သည်များနှင့် ဆွေမျိုးတော်စပ်သည့် မုံရွာမြို့နေ ဂျပန်-မြန်မာ ဇနီး မောင်နှံဖြစ်သည့် ဦးဘထူး၊ ဒေါ်ခင် အေးတို့၏အုတ်ဂူနှစ်လုံးတို့ရှိသည်။


''ဆွေမျိုးတော်လို့လာတာမ ဟုတ်ပါဘူး၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကျွန်တော်တို့ရဲ့ လူမျိုးတွေ ဝိညာဉ်ဒီမှာရှိနေလို့ လာကန်တော့တာပါ'' ဟု ဂျပန်နိုင်ငံ အိုကာရာမခရိုင်မှ ဂျပန်လူမျိုး Tani guchi ကပြောသည်။ အဆိုပါ ဂျပန်စစ်သည်များ သင်္ချိုင်းကို ဂျပန်စစ်ပြန်လူမျိုးများ မှ ၁၉၈၆ ခုနှစ် ဝန်းကျင်တွင်လာ ရောက်စိုက်ထူခဲ့ခြင်းဖြစ်ပြီး သင်္ချိုင်း မြေနေရာဖွင့်လှစ်စဉ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပင့်ဖိတ်၍ ပရိတ်တရားများရွတ်ဖတ် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top