HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေနှင့် ကြေးနီသတ္တု စမ်းသပ်ရှာဖွေရန် ကုမ္ပဏီသုံးခုမှ မြေဧကတစ်ထောင်ကျော် လျှောက်ထား

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေနှင့် ကြေးနီသတ္တု စမ်းသပ်ရှာဖွေရန် ကုမ္ပဏီသုံးခုမှ မြေဧကတစ်ထောင်ကျော် လျှောက်ထား

မုံရွာ၊ မတ် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရွှေနှင့် ကြေးနီသတ္တုရိုင်း စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာ ရေးလုပ်ငန်းများဆောင်ရွက်ရန် မြေဧကတစ်ထောင်ကျော်ကို ကုမ္ပဏီသုံးခုမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်း ဦးစီးဌာန (မုံရွာ)မှ သိရသည်။ အဆိုပါလျှောက်ထားမှုအတွက် မြေစာရင်းပုံစံကူးယူခွင့်နှင့် သဘောထားမှတ်ချက်များ ပြန်ကြားပေးရန် တောင်းခံထားကြောင်း သိရသည်။

''တိုင်းအစိုးရအဖွဲ့ကလည်း ဒီတိုင်းပေးတာမဟုတ်ဘူး။ မြို့နယ် အဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်တွေကနေ အဖွဲ့ပေါင်းစုံရဲ့ သဘောထားမှတ်ချက်ကို ပြန် တောင်းထားတယ်။ လုပ်မယ့်နေရာမှာ အားလုံးကင်းလွတ်တယ်ဆိုရင် သူတို့က အိုကေတယ်လို့ တက်လာရင် ကျွန်တော်တို့ တိုင်း အဆင့်က ထောက်ခံပေးလိုက်မှာ ပါ'' ဟု တိုင်းသတ္တုတွင်းဦးစီးဌာန (မုံရွာ)မှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ပြောသည်။


ထာဝရကုမ္ပဏီက ကန့်ဘလူ မြို့နယ် တောင်ပုံကျေးရွာအုပ်စုတွင် ရွှေသတ္တုတူးဖော်နိုင်ရန် မြေဧက ၂၄၅ ဧကနှစ်ကွက်၊ ၂၄၇ ဧက တစ်ကွက်၊ ၂၆၁ ဧက တစ်ကွက် စုစုပေါင်းလေးကွက်ကိုလည်း ကောင်း၊ ရွှေတူးဖော်ခွင့်ရရန် Golden Emerald Green ကုမ္ပဏီမှ ကသာခရိုင်ပင်လည်ဘူး မြို့နယ် ကနီဝန်းကျင်ဒေသရှိ မြေ ဧက ၁ဝ၇ ဒသမ ၄၄ တစ်ကွက်ကို လည်းကောင်း စမ်းသပ်တိုင်းတာရေး နှင့် ဖြစ်မြောက်နိုင်စွမ်းလုပ်ကိုင်ခွင့် ပြုရန် လျှောက်ထားကြသည်။


ကြေးနီသတ္တုတူးဖော်ရန် ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ပင်တည်းရွာရှိ မြေဧက ၄၉ ဒသမ ၅ ဧက နှစ်ကွက်ကို ရွှေဘုန်းပွင့်ကုမ္ပဏီမှ လျှောက်ထားကြောင်း သိရသည်။ သတ္တုရှာဖွေတူးဖော်ရာတွင် အကြီးစားနှင့် အလတ်စားလုပ်ကွက်များကို သတ္တုတွင်းဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ရခြင်း ဖြစ်ပြီး လျှောက်ထားသည့်နေရာအတွက် သက်ဆိုင်ရာဌာန၊ အုပ်ချုပ် ရေးအဖွဲ့များ၏ သဘောထားမှတ်ချက်ကို တောင်းခံနေဆဲဖြစ်သည်။ အစိုးရသစ်တက်လာပြီး နှစ်နှစ်ခန့်က သတ္တုတူးဖော်ခွင့်များကို ယာယီရပ်ဆိုင်းထားပြီး ယခုအခါလုပ်ကွက်လျှောက်လွှာများ ပြန်ခေါ်စဉ် လျှောက်ထားသည့် ကုမ္ပဏီများပြားခဲ့ကြောင်းတိုင်း သတ္တုတွင်းဦးစီးဌာနမှ သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top