HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သထုံမြို့တွင် ရှေးဟောင်း အုတ်ခွက် ဘုရား ၂၄၅ ဆူနှင့် ကြေးဒင်္ဂါးတစ်ပြားကို တူးဖော်တွေ့ရှိ

သထုံမြို့တွင် ရှေးဟောင်း အုတ်ခွက် ဘုရား ၂၄၅ ဆူနှင့် ကြေးဒင်္ဂါးတစ်ပြားကို တူးဖော်တွေ့ရှိ

သထုံ၊ မတ် ၁၅

မွန်ပြည်နယ်၊သထုံမြို့ သိမ်ကုန်းရပ်ကွက်အထက (၄)ကျောင်းဘေးရှိ မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဝင်း အတွင်းတွင် မတ် ၁၃ ရက်၊ညနေပိုင်းက အသင်းတော်ထမင်းစားဆောင်အတွက် အုတ်မြစ်တူးရာမှရှေး ဟောင်းအုတ်ခွက်ဘုရား ၂၄၅ဆူနှင့်ကြေးဒင်္ဂါးတစ်ပြားကို တူးဖော် တွေ့ရှိခဲ့ကြောင်းသိရသည်။

''မြေကြီးအောက်အနက် နှစ် ပေခန့်မှာ ဂဝံမြေကြားထဲက အုတ်ခွက်ဘုရားအဆူ ၂ဝဝကျော်ကိုမ နေ့က ညနေတူးဖော်တွေ့ရှိပါတယ်။ မြန်မာနှစ်ခြင်းအသင်း တော် ထမင်းစားဆောင်အတွက် ဖောင်ဒေးရှင်းတူးရာကနေ အခုလိုအုတ်ခွက်ဘုရားတွေအများအ ပြားတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီအုတ် ခွက်ဘုရားတွေကို ရှေးဟောင်းသု တေသနကိုအပ်ပါမယ်''ဟုဗေသလ ကျောင်းသင်းအုပ် ဆရာတော်ဦး အားကိုကမတ် ၁၄ ရက်၊ ညနေပိုင်း တွင်ပြောသည်။

 

အဆိုပါ ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် ကြေးဒင်္ဂါးတို့ကို မြန်မာနှစ်ခြင်းခရစ်ယာန်အသင်း တော်သင်းအုပ်ဆရာတော်ဦးအေးမင်းထွန်းနှင့် ဗေသလကျောင်း သင်းအုပ်ဆရာတော် ဦးအားကိုတို့ကမတ် ၁၄ ရက်၊ ညနေ၄ နာရီ ခွဲခန့်တွင် သထုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာ ရောက်အပ်နှံရာသထုံမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မြို့နယ်သာသနာ ရေးဦးစီးဌာနဦးစီးမှူးနှင့် သိမ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ကလက်ခံရယူခဲ့ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်ရှေးဟောင်း သုတေသနဦးစီးဌာနသို့ပြန်လည်အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ်ဇူလိုင်လအတွင်းကလည်း အထက (၄) သထုံကျောင်းဘေးရှိ စတုဘုမ္မိက ငှက်တွင်းကျောင်းတွင် ယခုတူးဖော် တွေ့ရှိထားသောအုတ်ခွက်ဘုရား နှင့်လက်ရာတူ အုတ်ခွက်ဘုရားများကို တူးဖော်ရရှိခဲ့ပြီး ယင်းအုတ်ခွက်ဘုရားများမှာ အေဒီငါးရာစု မှ ၁၁ ရာစုကြားတွင် ထုလုပ်ခဲ့သော အုတ်ခွက်ဘုရားများဖြစ်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။

ZMT

#democracytoday

Rate this item
(0 votes)
back to top