HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဒေါက်တာအေးမောင်နှင့် ဦးဝေဟင်အောင်ကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၂ဝ စီ ပြစ်ဒဏ်ချမှတ်

ဒေါက်တာအေးမောင်နှင့် ဦးဝေဟင်အောင်ကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၂ဝ စီ ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊ မတ် ၁၉-ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို ထောင် ဒဏ်အနှစ် ၂ဝ စီ စီရင်လိုက်ကြောင်း သိရသည်။

မတ် ၁၉ ရက်ရုံးချိန်းတွင် ¤င်းတို့နှစ်ဦးကို တရားစွဲဆိုထား သည့် နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ-၅ဝ၅(ခ) ဖြင့် ထောင် ဒဏ် နှစ်နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ၊ ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်း တည်းကျခံစေသည့်အတွက် ထောင် ဒဏ်အနှစ် ၂ဝ ကျခံစေရန် စစ် တွေခရိုင်တရားရုံးက အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ဦးစလုံး ပြစ်ဒဏ်များအ တွက် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုလိုက်ကြောင်း သိရသည်။

ဝေဟင်အောင်၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်အေး နုစိန်က ''သူတို့ပြောတဲ့စကားတွေ မှာ ကောက်နုတ်ပြီးတော့ ဒါဟာ ပုန်ကန်မှုမြောက်တယ်။ ဒါဟာ နိုင်ငံတော်မှာ အကြည်ညိုပျက်စေ မှုမြောက်တယ်ဆိုတာ သုံးသပ်ပြီး တော့ အပြစ်ပေးလိုက်တာပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ မတ် ၁၉ ရက်က ပြောသည်။

ယခုချမှတ်သည့်အမိန့်မှာ တည်ဆဲဥပဒေများကို ဆန့်ကျင်ပြီး မတရားချမှတ်ခြင်းဖြစ်ကြောင်းလည်း ¤င်းကဆက်လက်ပြောသည်။

''လူတစ်ယောက်ရဲ့ပြုလုပ်မှု တစ်ခုပေါ်မှာ အမှုသုံးမှုပိုင်းစွဲ ပြီးတော့ တစ်မှုထက်စွဲဆိုအပြစ် မပေးရတဲ့ ဥပဒေကို ဆန့်ကျင်ပြီး တော့ သုံးမှုစွဲတယ်။ နှစ်မှုနဲ့ဒီလို နှစ်ရှည်ထောင်ဒဏ်ချတယ်ဆို တာ တည်ဆဲဥပဒေကို ဆန့်ကျင် တာပဲ။ ဒါ တရားစီရင်ရေးတိမ်း စောင်းတာပဲ''ဟု ¤င်းကဆက်လက် ပြောသည်။

အယူခံဝင်မဝင်မှာ ဝေဟင် အောင်၏ ဆန္ဒသာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေး နုစိန်က ပြောသည်။

ဒေါက်တာအေးမောင်၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က ''လိုအပ်ရင်အ ယူခံဝင်ခွင့်ရှိတယ်ဆိုပြီးတော့ တရား သူကြီးက အမိန့်ချတယ်။ အဲ့ဒီ တော့ မိသားစုနဲ့တိုင်ပင်ပြီးအယူခံ ဝင်သွားဖို့ရှိပါတယ်''ဟု ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ယနေ့ရုံးချိန်းတွင် လာရောက် စောင့်ကြည့်ဝန်းရံသူများပြားခဲ့ပြီး ရဲလုံခြုံရေးတင်းကျပ်စွာချခဲ့ကြောင်း၊ အမိန့်ချပြီးနောက် ဒေါက်တာ အေးမောင်နှင့်ဝေဟင်အောင် တို့မှာ စကားပြောခွင့်မရခဲ့ကြောင်း၊ လူအင်အား ၂ဝဝ ကျော်ကလည်း ပြစ်ဒဏ်ချမှတ်မှုမှာ တရားမျှတမှု မရှိဟုဆိုကာ အော်ဟစ်ြေ<ွကးကြော် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဇန် နဝါရီ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ပြုလုပ်သည့် '' ရခိုင် ဘုရင့်နိုင်ငံတော်အချုပ်အခြာအာ ဏာကျဆုံးခြင်းဝမ်းနည်း အောက် မေ့ဖွယ်နေ့အထိမ်းအမှတ်'' စာပေ ဟောပြောပွဲတွင် ဟောပြော ချက်များနှင့်ပတ်သက်ပြီး ဒေါက် တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့ကို ရာဇသတ် ကြီးပုဒ်မ ၁၂၂ ၊ ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ-၁၂၂ ကို ကျူးလွန် လျှင် သေဒဏ်ဖြစ်စေ၊ တစ်သက် တစ်ကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ-၅ဝ၅ (ခ)ကို ကျူးလွန်လျှင် နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေ ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ် စေချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးဥပဒေ၌ ပြဋ္ဌာန်းထားသည်။

WYHW,GC

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top