HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကြီးဖွင့်လှစ် ၊ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ တက်ရောက်ချီးမြှင့်

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကြီးဖွင့်လှစ် ၊ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ တက်ရောက်ချီးမြှင့်

မြဝတီ်၊ မတ် ၁၉- မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား ကြီးကို မတ် လ ၁၉ ရက် နံနက် ၁ဝ နာရီကဖွင့်လှစ်ခဲ့ရာ အခမ်းအနား သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း နိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာ ယွတ်ချန်အိုချာတို့ တက်ရောက် ချီးမြှင့်ကြောင်းသိရသည်။

အဆိုပါတံတားကြီးဖွင့်ပွဲသို့ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်း ခိုင်သန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုး ရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ ကြပြီး ထိုင်းဘက်မှထိုင်းနိုင်ငံဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာ နှင့် နိုင်ငံတော်အဆင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ တို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ဆက်လက်၍ ထိုင်းနိုင်ငံဆက် သွယ်ရေးဝန်ကြီးမှ တံတားကြီး တည်ဆောက်ခဲ့မှုအခြေအနေအား ရှင်းလင်းပြောကြားပြီး နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့မှ တံတားကြီးပြီးစီးမှု ကမ္ပည်းမော်ကွန်းစက်ခလုတ်နှိပ် ကာ ဖွင့်လှစ်ပေးသည်။

'' ဒီတံတားကြီးပြီးစီးခဲ့တာကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံအလေး ထားမှုကို တွေ့မြင်ရပြီဖြစ်ပါတယ်။နှစ်ဖက်အစိုးရနဲ့ ပြည်သူတွေပူး ပေါင်းမှုစွမ်းအားကြောင့် အခုလို တံတားကြီး ဖြစ်ပေါ်လာခဲ့တာဖြစ် သလို နှစ်ဖက်အပြန်အလှန်ပူး ပေါင်းဆောင်ရွက်ခြင်းရဲ့ ပြယုဂ် တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်း နိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ် သြဂုတ် ၁၄ ရက်ကတည်းက နှစ် နိုင်ငံချစ်ကြည်ရင်းနှီးစွာနဲ့ ကာလ ကြာရှည်စွာရင်းနှီးမှုနဲ့ အိမ်နီးချင်း ကောင်းပီသမှု အပြန်အလှန်နား လည်မှုတို့ကို တန်ဖိုးထားထိန်း သိမ်းခဲ့ကြတဲ့ ထိုင်းနဲ့မြန်မာတို့ရဲ့ အောင်မြင်မှုလို့လည်း ဆိုလို့ရပါ တယ်''ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။

KKTM (MWD)

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top