HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြဝတီခရီးစဉ်၌ 'MoU အလုပ်သမားများအရေး ကယ်တင်ပေးပါ' ဆိုသည့် ဗီနိုင်းကိုင်ဆောင်သူ အမျိုးသားနှစ်ဦး ခေတ္တ ထိန်းသိမ်းခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြဝတီခရီးစဉ်၌  'MoU အလုပ်သမားများအရေး ကယ်တင်ပေးပါ' ဆိုသည့်  ဗီနိုင်းကိုင်ဆောင်သူ အမျိုးသားနှစ်ဦး ခေတ္တ ထိန်းသိမ်းခံရ

မြဝတီ၊ မတ် ၂ဝ 

မြဝတီမြို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်၌ ''MoU အလုပ်သမားများအရေး ကယ်တင်ပေးပါ''ဆိုသည့် ဗီနိုင်းကိုင်ဆောင်သူ အမျိုးသားနှစ်ဦးအား လုံခြုံရေး ရဲတပ်ဖွဲ့မှ ခေတ္တထိန်းသိမ်းလိုက်ကြောင်းသိရသည်။ ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးမှာ ထိုင်းနိုင်ငံသို့ 'ငွေကြယ် စင်ဟိန်း'ကုမ္ပဏီဖြင့် MoU စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ရန် ထွက်ခွာသွားကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်မရှိဘဲ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာ ကြသူများဖြစ်ကာ မြဝတီမြို့တွင် ကိုကျော်ကျော်ဆိုသူ၏ ကူညီပေးမှုကြောင့် ငွေကြယ်စင်ဟိန်းကုမ္ပဏီမှ နစ်နာကြေးများ ပြန်လည်ရရှိ ရေးအတွက်အမှတ် (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ညှိနှိုင်းရန်စောင့်ဆိုင်းနေသူ အလုပ်သမားများဖြစ်သည်။

''MoU အလုပ်သမားများ အရေးကယ်တင်ပေးပါ'' ဟူသော ဗီနိုင်းကိုင်ဆောင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အာရှလမ်းမတွင် ကြိုဆိုနေစဉ် နံနက် ၈ နာ ရီခန့်၌ ထိန်းသိမ်းခံရပြီး ညနေ ၃ နာရီတွင် မြဝတီရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ''ကျွန်တော်က ကျွန်တော့်သူငယ်ချင်းနဲ့အတူ ဗီနိုင်းကိုင်ပြီး အမေစုကိုကြိုဖို့ မြဝတီအာရှ လမ်းမကြီးမှာ အမေစုအလာကို စောင့်နေကြတုန်း လုံခြုံရေးရဲတပ် ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာပါ။ ဘာလို့ဖမ်းတာလဲလို့မေးတော့ အထက်ကဖမ်းခိုင်းလို့ဆိုပြီး ပြောပါတယ်။ အဲဒါမနက် ၈ နာရီလောက်က ရဲစခန်းမှာ ထိန်းသိမ်းခံရပြီး ညနေ ၃ နာရီမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ MoU နဲ့ ထိုင်းကိုသွားတဲ့ အလုပ်သမားတွေ ပို့ပေးတဲ့ အေဂျင်စီတွေရဲ့ မတရား မှုတွေကို အမေစုသိစေချင်တဲ့ဆန္ဒနဲ့ ဗီနိုင်းကိုင်တာပဲ ဖြစ်ပါတယ်'' ဟု ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းမြို့ နယ်မှ အဖမ်းခံရသူ အလုပ်သမားတစ်ဦးက ပြောသည်။


''နိုင်ငံတော်အတိုင်ပင်ခံလာတဲ့ခရီးစဉ်မှာ မလိုလားအပ်တဲ့ပြ ဿနာတွေ မဖြစ်ပွားစေချင်လို့ ဗီနိုင်းကိုင်တဲ့ အလုပ်သမားနှစ် ယောက်ကို ခေတ္တထိန်းသိမ်းလိုက်တာပါ။ MoU အလုပ်သမားအရေး တွေက မြဝတီမှာ ရှုပ်ထွေးနေတာမို့ ဆူပူမှုတွေဖြစ်ပေါ်လာမှာ စိုးရိမ်လို့ရယ်၊ လူကြီးခရီးစဉ်မှာ အနှောင့် အယှက်ဖြစ်မှာစိုးရိမ်လို့ရယ် အဲဒီနှစ်ချက်ကြောင့် ခေတ္တထိန်းသိမ်း လိုက်တာ ဖြစ်ပါတယ်''ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင် နိုင်ထွန်းက ပြောသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top