HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ကောင်းမှုတော်သို့ ရောက်ရှိ

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ကောင်းမှုတော်သို့ ရောက်ရှိ

စစ်ကိုင်း၊ မတ် ၂ဝ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်း တော်မြို့နယ်လက်ပံကုန်းကျေးရွာရှိ ဆရာပွဲ မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းမှ ထွင်းထုပြုလုပ်သော ကမ္ဘာ့အကြီးဆုံး သစ်သားစည်တော်ကြီးမှာ မတ် ၁၉ ရက်မွန်းလွဲပိုင်း က စစ်ကိုင်းမြို့ ရာဇာမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးသို့ ထာ ဝရပူဇော်ထားရှိရန် ရောက်ရှိနေ ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး သစ်လုံးထွင်း စည်တော်ကြီးကို ကောင်းမှုတော်တွင်ထားရှိရန် မတ် ၁၉ ရက်နံနက်က ရွှေဘိုမြို့မှ စတင်သယ်ဆောင်လာခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကိုင်း မြို့သို့ရောက်ရှိခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများ၊ ဝတ်အ သင်းများ၊ ဒေဝါဝင်း၊ ရာဇာဝင်း အဖွဲ့များနှင့်အတူ မြို့သူမြို့သား ပြည်သူများမှ တစ်ခဲနက်လာရောက် ကြိုဆိုကြသည်။

 

ကမ္ဘာ့အကြီးဆုံး သစ်လုံးထွင်း စည်တော်ကြီးကို အင်းတော်မြို့မှ စစ်ကိုင်းမြို့သို့ သယ်ဆောင်ထား ရှိရန် မတ် ၁ဝ ရက်က ဆရာပွဲမြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းမှ အင်းတော်မြို့၊ အင်းမြသာယာပြည် သူ့အားကစားကွင်းသို့ သယ်ဆောင် ကာအပူဇော်ခံထားရှိပြီး မတ် ၁၇ ရက်တွင် အင်းတော်မြို့မှ ကောလင်း မြို့သို့ သယ်ဆောင်၍ ကောလင်း မြို့ရှိ အားကစားကွင်းအတွင်း အ ပူဇော်ခံထားရှိသည်။ ထိုမှ မတ် ၁၈ ရက်တွင် ကောလင်းမြို့မှ ရွှေ ဘိုမြို့သို့ သယ်ဆောင်၍ ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် ညအိပ်ရပ် နား အပူဇော်ခံထားရှိပြီး မတ် ၁၉ ရက် တွင် ရွှေဘိုမြို့မှ စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရား ကြီးတွင် ထာဝရအပူဇော်ခံ ထားရှိနိုင်ရန် ပင့်ဆောင် ရောက် ရှိခဲ့သည်။


အဆိုပါ စည်တော်ကြီးမှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝအကျယ် ၅၄ လက်မရှိပြီး စည်တော်ကြီးကို ကောင်းမှုတော်ဘုရားကြီး အင်္ဂါ ထောင့်ရှိ ပျူခေတ်လက်ရာ စည်တော်တင်စင်မြင့်တွင် ထားရှိ မည်ဖြစ်ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top