HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သမိုင်းဝင်ရွှေစာရံ ဘုရားပွဲတော်ကို ဗမာဈေးတန်း၊ ရှမ်းဈေးတန်းများဖြင့် တပေါင်းလပြည့်နေ့မှ စတင်ကျင်းပ

သမိုင်းဝင်ရွှေစာရံ ဘုရားပွဲတော်ကို ဗမာဈေးတန်း၊  ရှမ်းဈေးတန်းများဖြင့် တပေါင်းလပြည့်နေ့မှ စတင်ကျင်းပ

ပုသိမ်ကြီး၊ မတ်၂ဝ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ရွှေစာရံကျေးရွာဘု ရားကွင်းတွင် ဗမာဈေးတန်း၊ ရှမ်း ဈေးတန်းအရောင်းဆိုင်များဖြင့် တပေါင်းလပြည့်နေ့ (မတ် ၂ဝ)မှ စတင်ကျင်းပကြောင်းသိရသည်။ ''ရှမ်းမင်းသမီးစောမွန်လှ တည်တဲ့ဘုရားဆိုတော့ ရှမ်းဈေးသည်တွေ ရှမ်းပြည်ကဘုရားပွဲလာသူ တွေများတယ်။ ဘုရားပွဲမှာ ရှမ်း ဈေးတန်းဆိုင်ခန်းတွေ ဖွင့်ခွင့် နှစ်စဉ် နေရာသီးသန့်ပေးပါတယ်။ ဆိုင်ခန်း ၂ဝဝ ကျော်ရှိပါတယ်။ ပရ ဆေးအတုံး၊ အမြစ်၊ အရွက်၊ အခေါက်၊ ဥအစုံ၊ သစ်ကြံပိုး၊ ကရ ဝေး၊ ချင်းတက်၊ ကြက်သွန်ဖြူ၊ အာလူး၊ ကင်းမွန်သီး၊ ဂုံညင်းဒိုး၊ သစ်ခွပင်၊ နှီးထုတ်စတဲ့ ရှမ်းပြည်နယ် ထွက်ပစ္စည်းအစုံရောင်းတဲ့ဆိုင်တွေချည်းပါပဲ။ ကျန်တဲ့နေရာတွေမှာ တော့ ဗမာဈေးသည်တွေရောင်းကြတယ်။ ဒီပွဲရဲ့သင်္ကေတဖြစ်တဲ့ ထန်း ရွက်ပုတီးအရောင်းဆိုင်တွေလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာပါတယ်'' ဟု ဘုရားပွဲတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပြေငြိမ်း ကပြောသည်။

ယခုနှစ်ဘုရားပွဲတော်တွင် သံဃာအပါး ၆ဝ တို့က ပွဲတော်အကြို ပဋ္ဌာန်းပူဇော်ကြပြီး ဘုရားပွဲတော် ရက်များတွင် ဗမာဈေးဆိုင်ခန်းနှင့် ရှမ်းဈေးဆိုင်ခန်း ၁ဝဝဝ ကျော်တို့ က အိမ်သုံးလူသုံးပစ္စည်း၊ ဒေသထွက် ကုန်များနှင့် မြန်မာသရေစာမုန့်များကို ခင်းကျင်းရောင်းချကြသည်။ပွဲတော်စတင်သည့်နေ့မှာ ဥပုသ်နေ့ဖြစ်သဖြင့် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရွာများမှ လာရောက် ကြသူများဖြင့် စည်ကားများပြားနေ ပြီး မန္တလေးမြို့အနီးထင်ရှားသည့် ဘုရားဖြစ်သည့်အပြင် ဆွေတော်မျိုး တော်ဘုရားအဖြစ် သတ်မှတ်လာ ရောက်ကြသူများကြောင့် အစ်မ တော် စောမွန်လှရုပ်တုရှိရာ ဗိမာန် တော်မှာ ရှမ်းဆိုင်းသံတညံညံဖြင့် အစ်မတော်ချော့သူများ လာရောက် ပူဇော်ကန်တော့ချော့ပွဲရှိသည်။ ရွှေစာရံပွဲတော်ကို တပေါင်းလ ပြည့်ကျော် ၉ရက် (မတ် ၂၉ရက်) အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော် နောက်ဆုံးရက်တွင် ရွှေစာရံကျေး ရွာနှင့်ဘုရားပွဲတော်ဈေးဆိုင်ခန်းများမှ ပင့်သံဃာအပါး ၁၈ဝ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူကြမည် ဖြစ်ကြောင်းသိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top